M678E1230KC678MT678

လူသစ်သည် ခမည်းတော်ကြံစည်

အသင်းတော်-လူသစ်တစ်ဦးအဖြစ်

21

Verse 1

လူသစ်သည် ခမည်းတော်ကြံစည်

လူများထဲမှ ရွေးနုတ်ပေးမူပြီ

လူမျိုးမျိုး၊ ဘာသာနှင့် စကား

ကိုယ်တော်၌ တစ်လုံးတစ်ဝတည်းဖြစ်

မြေကြီးပေါ် ဘုရားထင်ရှား

ဘုန်းတော်ဖိုးထိုက် ဖွင့်ပြပြီ

လူသစ်သည် ခမည်းတော်ကြံစည်

လူများထဲမှ ရွေးနုတ်ပေးမူပြီ။

Verse 2

ကားတိုင်ပေါ် ဝိနည်းများဆုံးသတ်

နှစ်ဦးကို တစ်ဦးတည်းဖြစ်စေရန်

ဘုရားထံ သင့်မြတ် စေပြီ

မြွေ၏ဦးခေါင်းကို ကိုယ်တော်ကြိတ်ပြီ

စပ်ကြားနံရံ ဖြိုချပြီ

နာမတော်ကို ခေါ်ကြပြီ

ကားတိုင်ပေါ် ဝိနည်းများဆုံးသတ်

နှစ်ဦးကို တစ်ဦးတည်းဖြစ်စေရန်။

Verse 3

သခင်ရှင် ဤအရာအတွက်

သဘောတစ်ညီတည်း၌ ရပ်တည်ကြ

အင်္ဂါဝင်များ အတ္တစွန့်

ခန္ဓာတော်-ခရစ်တော်ကို ယူဆောင်

ခရစ်၌ လူသစ်တစ်ဦး

ဤမြေရယူရန် လာပြီ

သခင်ရှင် ဤအရာအတွက်

သဘောတစ်ညီတည်း၌ ရပ်တည်ကြ။

Hymn details

Key: D Major

Audio