မြောက်အရပ်မှ တိုက်ခတ်သော လေပြင်းမုန်တိုင်း
ဘုရားသခင်ကို တွေ့ကြုံခံစားခြင်း-လေ၊ မိုးတိမ်၊ မီးနှင့် အီလက်ထရမ်အဖြစ်
Verse 1
မြောက်အရပ်မှ တိုက်ခတ်သော လေပြင်းမုန်တိုင်း
တိုက်ခတ်စေ၊ တိုက်ခတ်စေ
ကျွန်ုပ်တို့တွေ့ကြုံ ဘုရားကို ယူဆောင်လေ
တိုက်ခတ်စေ၊ တိုက်ခတ်စေ
chorus
တိုက်ခတ်စေ၊ အားကြီးသော လေမုန်တိုင်း
အသက်သို့ တိုက်ခတ်ပါလေ
တိုက်ခတ်စေ၊ ဘုရား၏ကျေးဇူးလေ
ခရစ်တော်ထဲသို့ တိုက်ခတ်။
Verse 2
ထိုလေနောက်မှ လွှမ်းမိုးသော မိုးတိမ်ဖြစ်လာ
လွှမ်းမိုးလေ၊ လွှမ်းမိုးလေ
မိုးတိမ်သည် သခင်၏မျက်မှောက်တော်ယူဆောင်
လွှမ်းမိုးလေ၊ လွှမ်းမိုးလေ
chorus
လွှမ်းမိုးပါ၊ ဘုရား၏မိုးတိမ်တော်
ကျွနု်ပ်တို့၌ ဘုရားကိန်း
လွှမ်းမိုးပါ၊ ဘုရားကျေးဇူး မိုးတိမ်
ခွန်အားနှင့် နှစ်သိမ့် ဘုန်းတော်။
Verse 3
မိုးတိမ်၌ စဉ်မပြတ် မီးသည် တောက်ပနေ
လောင်ကျွမ်းစေ၊ လောင်ကျွမ်းစေ
အပြစ်၊ စိတ်အသက်၊ သွေးသားကို ဖော်ထုတ်
လောင်ကျွမ်းစေ၊ လောင်ကျွမ်းစေ
chorus
လောင်ကျွမ်းပါ၊ ဘုရား၏မီးတော်ဖြင့်
စဉ်မပြတ် လောင်ကျွမ်းမူပါ
လောင်ကျွမ်းပါ၊ လုံးစုံလောင်ကျွမ်း မီးဖြင့်
ကျွန်ုပ်တို့ကို လောင်ကျွမ်းစေ။
Verse 4
ထိုမီးမှ အီလက်ထရမ် တောက်ပလျက်ရှိရာ
ထွန်းလင်းပါ၊ ထွန်းလင်းပါ
ကျွန်ုပ်တို့တွေ့ကြုံသော ရွေးနုတ်ရှင်ဘုရား
ထွန်းလင်းပါ၊ ထွန်းလင်းပါ
chorus
ထွန်းလင်းစေ၊ ရွှေနှင့်ငွေ ရှင်သခင်
အားလုံးမြင်ရန် ထွန်းလင်းပါ
သိုးသငယ်-ဘုရားသည် ယခုမှာ
ကျွနု်ပ်တို့၌ မွေ့လျော်ရာ။
Verse 5
လေ၊ မိုးတိမ်၊ မီးနှင့် အီလက်ထရမ်တို့သည်
စဉ်မပြတ် ယူဆောင်မူပါ
ဤစက်ဝန်းကို စဉ်မပြတ် လည်ပတ်စေပါ
တိုး၍ပင်၊ တိုး၍ပင်
chorus
တိုက်ခတ်ပါ၊ အုပ်မိုးကာ လောင်ကျွမ်းပါ
ဖြစ်ခြင်းအားလုံး ပိုင်ဆိုင်ပါ
ကိုယ်တော်ကို ကျွနု်ပ်တို့ရယူမည်
ပုံသဏ္ဌာန်တော် ထင်ရှားမည်။
Hymn details
Key: D Major
Audio