ခရစ်တော်၏ ပလလင်ပေါ်၌
ခရစ်တော်ကို တွေ့ကြုံခံစားခြင်း-ပဋိညာဉ်တရားသစ်၏အမှုဆောင်အဖြစ်
Verse 1
ခရစ်တော်၏ ပလလင်ပေါ်၌
ကျွန်ုပ်တို့ကို ထိုင်စေ
လောက၊ စာတန်၊ အပြစ်၊ အတ္တ
ကျွန်ုပ်တို့ခြေအောက်၌
ခရစ်တော် ပြီးမြောက်သောအလုပ်
အားလုံးတွက် သေခံမူ
ကျွန်ုပ်တို့ ပြစ်သား မဟုတ်တော့
ဘုန်းပြည့်ဝထင်ရှားပြီ။
Verse 2
ဘုရားအိမ်တော်၌ ကိန်းဝပ်ကြ
သင်းတော်သက်တာ ဘုန်းတော်
နောက်ပြန်၊ နိမ့်ကျသော ခရစ်ယာန်
ထိုသို့ သက်မရှင်သင့်
သန့်ရှင်းဌာနကို ဖြတ်ကျော်ကာ
အသိ၊ ခံစား၊ အလို
သန့်ရှင်းဆုံး၌ ကိန်းဝပ်တည်ကြ
ဘုရားဖြင့် ဖြည့်ခံရာ။
Verse 3
ပဋိညာဉ်သစ်အောက်၌ ကျွန်ုပ်တို့
ဘုန်းထင်ရှားရာ သုံးခု
အသက်တရား၊ အလိုအလျောက်
ဆုံးစွန် သဏ္ဌာန်ပြောင်းလဲ
လူမျိုးတော်ကျွန်ုပ်တို့ ဘုရား
စစ်မှန်ခြင်းမဂင်္လာ
ဘုရားကို အတွင်းကျ သိရန်
ကျွန်ုပ်တို့ တတ်နိုင်ပြီ။
Verse 4
ဘုရားပေါင်းထည့် မစရာမှာ
ကျွန်ုပ်တို့ သိရန်လို
ခရစ်ယေရှု အပြစ်ဖယ်ရှား
နှစ်ပေါင်းနှစ်ထောင်ခန့်က
အပြစ်၏မှတ်တမ်းမရှိတော့
ဤသမိုင်း ပြီးခဲ့ပြီ
ဝိညာဉ်၌ အသက်၏တရား
ကျွန်ုပ်တို့ကို ခေါ်ဆောင်။
Verse 5
သခင်ပြုခဲ့ အမှုနှစ်ခု
ကာရာနီကားတိုင်၌
အသက်တရား၊ အပြစ်ဆုံးသတ်
ဘုရား၏စီမံကိန်း
အလုပ်အားလုံး ပြီးစီးခဲ့ပြီ
နားခိုရာသို့ ဝင်ရောက်
ယခုပလလင်ပေါ်၌ ဆုတောင်း
ကျွန်ုပ်တို့ အမွေခံ။
Verse 6
ယခင် ခံယူချက်များ စွန့်လွှတ်
ဤလမ်းကိုသာ ယူဆောင်
အမွေအားလုံး သိမ်းယူရရှိ
နေ့စဉ် ကိုယ်တော် ချီးမွမ်း
ယဇ်ပုရောဟိတ်မင်း၏ ခေါ်သံ
''ရှေ့သို့တိုး'' အဆုံးထိ
နောက်ဆုံးပန်းတိုင် ရောက်သည့်တိုင်အောင်
ယေရုရှလင်မြို့သစ်။
Hymn details
Key: G Major
Audio