သခင်သည် ကျွန်ုပ်၏ သိုးထိန်းဖြစ်
ခရစ်တော်ကို တွေ့ကြုံခံစားခြင်း-သိုးထိန်းအဖြစ်
Verse 1
သခင်သည် ကျွန်ုပ်၏ သိုးထိန်းဖြစ်
ကျွန်ုပ်ကို လဲလျောင်းစေမူပြီ
ရေစီးရာမြစ်နားသို့ ပို့ဆောင်ပေး
အို ကျေနပ်နှစ်သိမ့်စေမူပြီ။
chorus
ကောင်းမြတ်ခြင်းနှင့် ကရုဏာသည် လိုက်လာမည်
ကျွန်ုပ်၏ အသက်တာ တစ်လျှောက်လုံး

ကျွန်ုပ်၏အသက်တာ တစ်လျှောက်လုံး
သခင့်အိမ်တော်၌ ကျွန်ုပ်ပ်အစဉ် ကိန်းဝပ်နေမည်
ကျွန်ုပ်တွက် ခင်းထားသော စားသောက်ပွဲ မွေ့လျော်

ကျွန်ုပ်၏ အသက်တာ တစ်လျှောက်လုံး။
Verse 2
ကျွန်ုပ်၏ သိုးထိန်းသည် စားကျက်မြေ
ဤသိုးထိန်းသည် နားခိုရာရေ
ဝိညာဉ်၌ ကြွယ်ဝခြင်းများ စားသုံး
သောက်သုံးခြင်းဖြင့် ကောင်းချီးခံရ။
chorus
ကောင်းမြတ်ခြင်းနှင့် ကရုဏာသည် လိုက်လာမည်
ကျွန်ုပ်၏ အသက်တာ တစ်လျှောက်လုံး
ကောင်းမြတ်ခြင်းနှင့် ကရုဏာသည် လိုက်လာမည်
ကျွန်ုပ်၏အသက်တာ တစ်လျှောက်လုံး
သခင့်အိမ်တော်၌ ကျွန်ုပ်ပ်အစဉ် ကိန်းဝပ်နေမည်
ကျွန်ုပ်တွက် ခင်းထားသော စားသောက်ပွဲ မွေ့လျော်
ကောင်းမြတ်ခြင်းနှင့် ကရုဏာသည် လိုက်လာမည်
ကျွန်ုပ်၏ အသက်တာ တစ်လျှောက်လုံး။
Verse 3
ငါ့သိုးထိန်း၌ ငါ့စိတ် နားခိုရ
ခံစားမှု၊ ဆန္ဒ၊ အသိဥာဏ်
ချိုင့်ဝှမ်း၌ ကျွန်ုပ် လျှောက်လှမ်းရလည်း
ကောင်းမြတ်သော အဖော် ကျွန်ုပ်တွေ့။
chorus
ကောင်းမြတ်ခြင်းနှင့် ကရုဏာသည် လိုက်လာမည်
ကျွန်ုပ်၏ အသက်တာ တစ်လျှောက်လုံး
ကောင်းမြတ်ခြင်းနှင့် ကရုဏာသည် လိုက်လာမည်
ကျွန်ုပ်၏အသက်တာ တစ်လျှောက်လုံး
သခင့်အိမ်တော်၌ ကျွန်ုပ်ပ်အစဉ် ကိန်းဝပ်နေမည်
ကျွန်ုပ်တွက် ခင်းထားသော စားသောက်ပွဲ မွေ့လျော်
ကောင်းမြတ်ခြင်းနှင့် ကရုဏာသည် လိုက်လာမည်
ကျွန်ုပ်၏ အသက်တာ တစ်လျှောက်လုံး။
Verse 4
ငါ့သိုးထိန်း ပြင်ဆင်ပေးသော စားပွဲ
စားသုံး၍၊ စာတန်ကို ဖျက်ဆီး
ဦးခေါင်းကို ဆီဖြင့် ဘိသိက်ပေးပြီ
ဝမ်းမြောက်ခြင်းခွက် ပြည့်လျှံပြီ။
chorus
ကောင်းမြတ်ခြင်းနှင့် ကရုဏာသည် လိုက်လာမည်
ကျွန်ုပ်၏ အသက်တာ တစ်လျှောက်လုံး
ကောင်းမြတ်ခြင်းနှင့် ကရုဏာသည် လိုက်လာမည်
ကျွန်ုပ်၏အသက်တာ တစ်လျှောက်လုံး
သခင့်အိမ်တော်၌ ကျွန်ုပ်ပ်အစဉ် ကိန်းဝပ်နေမည်
ကျွန်ုပ်တွက် ခင်းထားသော စားသောက်ပွဲ မွေ့လျော်
ကောင်းမြတ်ခြင်းနှင့် ကရုဏာသည် လိုက်လာမည်
ကျွန်ုပ်၏ အသက်တာ တစ်လျှောက်လုံး။
Verse 5
အိမ်တော်၌ ကျွန်ုပ် ကိန်းဝပ်တည်နေ
ဘုရားကောင်းမြတ်ခြင်း မွေ့လျော်နေ
ကျေနပ်ဝမ်းမြောက်ခြင်း ပြောဆိုမကုန်
ယေရှု သခင်သည် ဝမ်းမြောက်ရာ။
chorus
ကောင်းမြတ်ခြင်းနှင့် ကရုဏာသည် လိုက်လာမည်
ကျွန်ုပ်၏ အသက်တာ တစ်လျှောက်လုံး
ကောင်းမြတ်ခြင်းနှင့် ကရုဏာသည် လိုက်လာမည်
ကျွန်ုပ်၏အသက်တာ တစ်လျှောက်လုံး
သခင့်အိမ်တော်၌ ကျွန်ုပ်ပ်အစဉ် ကိန်းဝပ်နေမည်
ကျွန်ုပ်တွက် ခင်းထားသော စားသောက်ပွဲ မွေ့လျော်
ကောင်းမြတ်ခြင်းနှင့် ကရုဏာသည် လိုက်လာမည်
ကျွန်ုပ်၏ အသက်တာ တစ်လျှောက်လုံး။
Hymn details
Key: D Major
Audio