ယေရှု၊ အားလုံးပါဝင်သောမြေ
ခရစ်တော်ကို တွေ့ကြုံခံစားခြင်း-ကောင်းသောမြေအဖြစ်
Verse 1
ယေရှု၊ အားလုံးပါဝင်သောမြေ
ကျွန်ုပ်ဖို့ ရာခပ်သိမ်း
ခရစ် စမ်းချောင်း နက်နဲ စီးဆင်း
စမ်းရေများ ပွက်ထစီး၊
ချိုင့်ဝှမ်းများ၊ တောင်များမှ စီးဆင်း
နေရာတိုင်း ပြည့်သည့်တိုင် စီးဆင်း
ရေလောင်းပေးမူ၊ ဘုန်းထယ်ဝါလှ
သက်တော်ဖြင့်။
Verse 2
ယေရှုသည် ဂျုံစပါး၏မြေ
လူ့ဇာတိခံ၊ သေခံ
ရှင်ပြန်ထမြောက်ခြင်း အသက်ကို
မုယောစပါး ပုံဆောင်၊
သင်္ဘောသဖန်းနှင့် စပျစ် မြေ
ရွှင်လန်းစေသော စပျစ်ရည် စီး
ထိုသို့မစ ကျေနပ်စေရာ
ခရစ်တော်။
Verse 3
အိုကြွယ်ဝ၊ ပေါများ ခရစ်တော်
တလည်းသီးလည်း ဖြစ်မူ
သံလွင်ပင်မှ ဆီဖြစ်မူသည်
သစ်လွင် ဘိသိက်ပေးနေ၊
ကြွယ်ဝ နို့နှင့် ပျားရည်ယူဆောင်
ချိုမြိန်၊ နှစ်သိမ့်၊ ကျွေးမွေးမစ
ထိုသို့ ခရစ်၊ လွန်ကြွယ်ဝလှ
ခရစ်တော်။
Verse 4
ကောင်းသောမြေ၌ မုန့်စားသုံးရ
ပြတ်လပ်မှု မရှိပေ
ကိုယ်တော်၌ လိုအပ်ချက်မရှိ
ကြွယ်ဝ ပြည့်စုံလင်ပေ၊
လွန်စွာ ကျယ်ပြန့်လှမြေ ကိုယ်တော်
အရာတိုင်း၌ ပြည့်စုံ ကိုယ်တော်
မည်မျှကျယ်ပြန့်၊ မြေတကာ့မြေ
စိတ်နှလုံး။
Verse 5
ခရစ်တော် ကျောက်သံမြေလည်းဖြစ်
အာဏာတော် ထွက်ပေါ်ရာ
ဤခိုင်မြဲခရစ်ကို တူးဖော်
ရန်သူကို ချည်နှောင်ရန်၊
ဒုက္ခဆင်းရဲများ ကျော်ဖြတ်ကာ
ပြောင်လက်ကြေးဝါဖြစ်ရန် စစ်ခံ
သံဖြင့် ချည်နှောင်၊ ကြေးဝါစစ်ခံ
လိုအပ်ရာ။
Verse 6
မြေတွက် သခင်ကို ကောင်းချီးပေး
အားလုံးပါဝင် ခရစ်
စားသုံးခြင်းဖြင့် ကိုယ်တော်နှင့် ပြည့်
အို မည်မျှ လုံလောက်လှ၊
စဉ်ဆက် လုပ်ဆောင်ရန် သွန်သင်ပါ
ကျယ်ပြန့်လှ စစ်မှန်ခြင်းပေါ်တွင်
ကျွနု်ပ်တို့ ဝမ်းမြောက်၊ လုပ်ဆောင်ရာ
မြေ ခရစ်။
Hymn details
Key: G Major
Audio