ကိုယ်တော်နာမတော် ယေရှုမည်
သခင်ဘုရားကို ချီးမွမ်းခြင်း - နာမတော်
Verse 1
ကိုယ်တော်နာမတော် ယေရှုမည်
အံ့သြဖွယ် ချစ်ဖွယ်နာမ
ပျိုကညာမှ မွေးဖွားခြင်းခံ
လူသားဖြစ်လာတော်မူခဲ့။
ယေဟောဝါ-ကယ်တင်ရှင် ဖြစ်မူ
ပြစ်များအားလုံးမှ ကယ်တင်
ကယ်တင်ရှင်ကိုယ်တော်ကို လက်ခံ
ဘုရားသက်အစပြုလာ။
Verse 2
ခရစ်တော်ဟု ခေါ်ဝေါ်ခြင်းခံ
အမှုတော်၏ နာမတော်
ဘုရားဘိသိက်ပေးခြင်း ခံရ
ထာဝရကာလမှစ
ဘုရား၏မေရှိယလည်းဖြစ်
မေတ္တာတော်၌ ခွဲခန့်ထား
ကြံစည်တော်ကို ပြီးမြောက်စေရန်
ဘုန်းတော်ကို ထင်ရှားစေမှန်။
Verse 3
ဧမာနွေလလည်း ဖြစ်မူသည်
ငါတို့နှင့်တူရှိ ဘုရား
ဘုရားကျေးဇူးတော်ဖြင့်ပေါင်းစည်း
လူသားဇာတိနှင့်အတူ
သွေးသား၌ ဘုရားထင်းရှားမူ
ကျေးဇူးတော် သမ္မာတရား
ဘုရားဘုန်းတော်ကို မြင်ရပြီ
ယုံကြည်ခြင်း၌ ပိုင်ဆိုင်ရ။
Verse 4
နာမတော်အားလုံးကို လေးမြတ်
ကျွန်ုပ်တို့ထံ ဖွင့်ပြလာ
ဖိုးထိုက်၊ ချိုမြိန်ခြင်းအားလုံးဖြင့်
မေတ္တာ၌ စဉ်မြဲစွဲကိုင်
ဖိုးထိုက်ရှင်ကို မြတ်နိုးလှသည်
ကိုယ်တော်ကို ဝတ်ပြုပါမည်
ချီးမြှောက်မည် ဧမာနွေလကို
ချီးမွမ်းခြင်း စဉ်သီဆိုမည်။
Hymn details
စာသား: Witness Lee
သံစဉ်: Joseph Perry Holbrook
Meter: 8.7.8.7.D.
Key: Bb Major
Time: 3/4
Audio