ဘုရားသားတော် ခရစ်တော် ရွေးနုတ်ခြင်းအမှု
အသင်းတော်-သူမ၏ပေါင်းစည်းခြင်း
Verse 1
ဘုရားသားတော် ခရစ်တော် ရွေးနုတ်ခြင်းအမှု
ကျွန်ုပ်တို့ကို ကယ်တင်ရာ ယုံကြည်ချက်ဖြစ်
အခြားသြဝါဒအားလုံးဖြင့် မဟုတ်ပါ
ခရစ်တော် ပုဂ္ဂိုလ်နှင့်အလုပ်သာဖြစ်ရာ။
Verse 2
မမှန်သော အခြားသွန်သင်ခြင်းများအားလုံး
''သြဝဒလေ''ဖြစ် ပေါင်းစည်းမှုကို ဖျက်ဆီး
ဦးခေါင်းခရစ်တော်ထံမှ သွေဖည်သွားစေ
ခန္ဓာတော် မတည်ဆောက်ဘဲ ဖြိုချနေသည်။
Verse 3
သြဝါဒမှန်သမျှ ကျွန်ုပ်တို့ စွန်လွှတ်
ယုံကြည်ခြင်း၏ တစ်လုံးတစ်ဝကို ရှာဖွေ
သခင်ဘုရားဝိညာဉ်တော်၌ တစ်စုတည်း
ဤတစ်လုံးတစ်ဝဖြစ်ခြင်းသာ စောင့်ထိန်းရာ။
Verse 4
ကိုင်စွဲမည့်သမ္မာတရား ခရစ်ကိုယ်တိုင်
အတ္တကွဲပြားခြင်းမှ ကျွန်ုပ်တို့လွတ်မြောက်
ခပ်သိမ်း၌ ဦးခေါင်းခရစ်တော်ထဲ ကြီးထွား
ကိုယ်ခန္ဓာတော်တည်ဆောက်ကာ ပြည့်ဝပြည့်စုံ။
Verse 5
''ယုံကြည်ခြင်း၏ ပေါင်းစည်းမှု'' ရရှိသည့်တိုင်
''သြဝါဒလေအားလုံး''ကျွန်ုပ်တို့ငြင်းပယ်
ခရစ်ဝိညာဉ်တော် ကျွန်ုပ်တို့စစ်မှန်ခြင်း
ပေါင်းစည်းခြင်း၌ ကိုယ်ခန္ဓာတော် ကြီးထွားနေ။
Hymn details
Key: D Major
Audio