မြေကြီးတိုက်မြစ် မတည်မီက
အသင်းတော်-သူမ၏အထွေထွေအဓိပ္ပာယ်
Verse 1
မြေကြီးတိုက်မြစ် မတည်မီက
သားတော်၌ သင်းတော်ရွေးချယ်
သင်းတော်သည် သားအရာမျှဝေ
သန့်ရှင်းလျက် အပြစ်ကင်းလေ
အသင်းတော် ကိုယ်တော့် ပိုင်ဆိုင်ရာ
ဝိညာဉ်တော်သည် တံဆိပ်ခတ်
ကျွန်ုပ်တို့၏ အမွေလည်းဖြစ်
သားတော်ကို ဖွင့်ပြမူပြီ။
Verse 2
ခရစ်တော် တက်ကြွ ပလလင်တော်
ထက်ရပ် အုပ်စိုး၊ တန်ခိုးများထက်
ခပ်သိမ်းပေါ် ဦးခေါင်းဖြစ်စေပြီ
အသင်းတော် ခန္ဓာတော်သို့
လုံးစုံ၌လုံးစုံ ဖြည့်ပေးပြီ
ကိုယ်တော်ပြည့်ဝခြင်းထင်ရှား
ခန္ဓာတော် အသင်းတော်အားဖြင့်
သဏ္ဌာန်တော် ဖော်ပြထင်ရှား။
Verse 3
လွန်ကျူးခြင်း၌ ယခင်သေနေ
လောကလမ်း၌ လျှောက်လှမ်းခဲ့
သွေးသားတပ်မက်ခြင်းနှင့် ပြည့်ခဲ့
ရင်းမြစ်သည် စာတန်ဖြစ်ခဲ့
ခရစ်တော်သည် ထမြောက်ခဲ့ပြီ
ကောင်းကင်ဆိုင်ရာ၌ ထိုင်စေ
ကိုယ်တော့်လက်ရာတော် ကျွန်ုပ်တို့
ခရစ်၌ ကိုယ်တော်ကျေနပ်။
Verse 4
ဂျူးနှင့် ဂရိ ခန္ဓာတစ်ကိုယ်
ဘုရားနက်နဲရာ ဖွင့်ပြ
တမန်တော်၊ ပရောဖက် ပေါ်တည်
ယေရှုခရစ် တိုက်ထောင့်ကျောက်
ကိုယ်တော်၌ အတူတည်ဆောက်ကြ
ဘုရားကိန်းဝပ်ရာ ထင်ရှား
ဝိညာဉ်တော်ဘုရား ကိုက်ညှိပေး
ကိုယ်တော့်ကျေနပ် နားခိုရာ။
Verse 5
ထာဝရခေတ်များမှ ကြံစည်
ပညာတော်ကို သိစေရန်
အသင်းတော် ဝှက်ထားနက်နဲရာ
သားတော်သည် အိမ်ဆောက်နေထိုင်
သန့်ရှင်းသူအားလုံး ဝိညာဉ်၌
ကိုယ်တော့်ကြွယ်ဝခြင်းကို သိကြ
ထူးကဲသာလွန် မေတ္တာတော်သိ
ဘုရားပြည့်ဝခြင်း ပိုင်ဆိုင်။
Verse 6
ခန္ဓာ၊ မျှော်လင့်၊ ဝိညာဉ် တစ်ပါး
ယုံကြည်ခြင်း၊ သခင်၊ သားတော်
ဗတ္တိဇံ၊ ခမည်းတော် တစ်ပါး
အသင်းတော်သည် တစ်ပါးတည်း
ခရစ်တော်ကို ပြည့်ဝသိရန်
ရင့်ကျက်သောလူအဖြစ်သို့
သြဝါဒလေ တိုက်ခတ်မခံ
လူတို့လှည့်စားခြင်း မခံ။
Verse 7
ဆုကျေးဇူးများ သခင်ပေးအပ်
ခန္ဓာတော် ကိုယ်တော်တည်ဆောက်
သန့်ရှင်းသူများ စုံလင်ခံရ
သူတို့အမှု ပြီးပြည့်စုံ
ကျွန်ုပ်တို့ လူဟောင်းကို ချွတ်ခွာ
လူသစ်ကို ယူတင်ဝတ်ဆင်
အသိဥာဏ်၊ ဝိညာဉ် သစ်ပြုပြင်
ဘုရားသဏ္ဌာန် ထင်ရှားမည်။
Verse 8
မေတ္တာ၌ ခရစ် ကိုယ်တိုင်ပေး
အသင်းတော်သည် သန့်ရှင်းလာ
အနာ၊ အစက်၊ အရေတွန့် ကင်း
ဘုန်းထင်ရှား သတို့သမီး
သူမကို ကျွေးမွေးပြုစုပေး
မိမိကိုယ် ပြုသကဲ့သို့
ကိုယ်တော်နှင့်သူမ တစ်ကိုယ်တည်း
ဤနက်နဲခြင်း လွန်ကြီးမား။
Verse 9
သင်းတော် ခန္ဓာ၊ အိမ်၊ လူသစ်ဖြစ်
သတို့သမီး၊ ဗိမာန်တော်
တိုက်ခိုက်မည့် စစ်တပ်လည်းဖြစ်ရာ
ဘုရား ရန်သူကို အောင်နိုင်
ဘုရား၏လက်နက်စုံ ဝတ်ဆင်
ကိုယ်တော်ခွန်အားဖြင့် သန်စွမ်း
သခင်၌ ရပ်တည်၊ ခုခံနေ
ဆုတောင်းခြင်းဖြင့် တိုက်ခိုက်လေ။
Hymn details
Key: G Major
Audio