M613E786KC613MT613

သခင်နှင့်မှုဆောင် ဆုတောင်း

ဆုတောင်းခြင်း-သခင်ဘုရားနှင့်အားထုတ်လုပ်ဆောင်ခြင်း

21

Verse 1

သခင်နှင့်မှုဆောင် ဆုတောင်း

လမ်းတော်ခင်းရန် ဆုတောင်းလေ

ကိုယ်တော်လှုပ်ရှားရန် ဆုတောင်း

ဗဟိုမှ အဝန်းဝိုင်းသို့။

Verse 2

သခင်နှင့်မှုဆောင် ဆုတောင်း

ကိုယ်တော်နှင့် ထပ်တူညီစေ

ရည်ရွယ်ချက်၊ အကြံစည်တော်

ကိုယ်တော့်ကောင်းချီး သွန်းလောင်းရာ။

Verse 3

သခင်နှင့်မှုဆောင် ဆုတောင်း

အတ္တရည်ရွယ်ချက်၊ ဆန္ဒ

ခပ်သိမ်းကို စွန့်လွှတ်ရမည်

ကြံစည်တော် ပြည့်စုံစေရာ။

Verse 4

သခင်နှင့်မှုဆောင် ဆုတောင်း

သခင်သည် အစပြုစေ

ကြံစည် လုပ်ဆောင်ရာအားလုံး

ကိုယ်တော့်အားဖြင့် လုပ်ဆောင်လေ။

Verse 5

သခင်နှင့်မှုဆောင် ဆုတောင်း

ဘီးသည် စတင်လှုပ်ရှားမည်

သခင်နှင့်အတူ ဆုတောင်း

အသင်းတော် တန်ခိုးပြသ။

Hymn details

Key: G Major

Audio