M610E777KC610MT610

ဤတောင်ကို စကားပြော

ဆုတောင်းခြင်း-ယုံကြည်ခြင်း၌

21

Verse 1

ဤတောင်ကို စကားပြော

''သွား၊ ပင်လယ်ထဲ ကျလော့''

သံသယကင်း နှလုံး

အမှန်ပင် ဖြစ်လိမ့်မည်

နှုတ်တော်ကို သံသယကင်းလျက်

သခင်၌ တောင်ကို အမိန့်ပေး။

Verse 2

ရွေးနုတ်ခြင်း အခွင့်ရ

ဖိုးထိုက်သွေးတော်ဖြင့်ဝယ်

သုံးပါးတစ်ပါးပေါင်းစည်း

မှန်ကန်၊ ကောင်းမွန်စေပြီ

နှုတ်တော်နာခံ၊ အမှန်ဖြစ်မည်

သခင်၌ တောင်ကို အမိန့်ပေး။

Verse 3

အတ္တ၊ ဖျား၊ ဝမ်းနည်း၊ ပြစ်

သခင်နှင့် တွေ့သောနေ့

ချစ်တော်မူသောအရှင်

သင့်ကို ''ဖြေလွှတ်ပေးပြီ''

နှုတ်တော်၌နား အမှန်ဖြစ်မည်

သခင်၌ တောင်ကို အမိန့်ပေး။

Verse 4

မှောင်မိုက်နံရံပတ်လည်

တိတ်ဆိတ်ဆုတောင်း၊ နိုးထ

တံတိုင်းများ လဲပြိုကျ

အောင်နိုင်သူ ချီးမွမ်းသံ

စိတ်ချ ယုံကြည် အမှန်ဖြစ်မည်

သခင်၌ တောင်ကို အမိန့်ပေး။

Verse 5

ကြေးညိုတံခါးနှစ်ချပ်

သံတိုင်များ အရှုံးပေး

သစ္စာတော် ဖြတ်သန်းသွား

နေရာတိုင်း အောင်နိုင်သူ

ရန်သူရှုံးနိမ့် အမှန်ဖြစ်မည်

သခင်၌ တောင်ကို အမိန့်ပေး။

Verse 6

ဘုရား၏ယုံကြည်ခြင်း

သံသယမှ လွတ်မြောက်

အံ့ဖွယ်လုပ်ဆောင် လှံတံ

ဆင်ခြေအားလုံး နှင်ထုတ်

နှုတ်တော်ပေါ်ရပ် အမှန်ဖြစ်မည်

သခင်၌ တောင်ကို အမိန့်ပေး။

Hymn details

Key: G Major

Audio