M6E6KC6MT6

သန့်ရှင်း၊ သန့်ရှင်း၊ သန့်ရှင်း၊ ဘုန်းတန်ခိုးကြီးဘုရား

သုံးပါးတစ်ပါးဘုရားကို ကောင်းချီးပေးခြင်း - ကိုးကွယ်ခြင်း

21

Verse 1

သန့်ရှင်း၊ သန့်ရှင်း၊ သန့်ရှင်း၊ ဘုန်းတန်ခိုးကြီးဘုရား

ကိုယ်တော့်ကို ကာလစဉ်ဆက် ကျွန်ုပ်တို့ ချီးမွမ်းမည်

သန့်ရှင်း၊ သန့်ရှင်း၊ သန့်ရှင်း၊ ကရုဏာ၊ တန်ခိုးရှင်

သုံးပါးတစ်ပါးဘုရားဘုန်းကြီးပါစေ။

Verse 2

သန့်ရှင်း၊ သန့်ရှင်း၊ သန့်ရှင်း၊ သန့်ရှင်းသူများလေးမြတ်

ကောင်းကင်သက်ကြီးသူများ ဖန်ရေကန်နား ဦးရစ်ချ

ခေရုဗိန်၊ သရဗိန် ကိုယ်တော့်ကို ကိုးကွယ်ရာ

ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကိုးကွယ်ကုန်။

Verse 3

သန့်ရှင်း၊သန့်ရှင်း၊သန့်ရှင်း၊ မှောင်မိုက်ဖုံးကွယ်နေလည်း

အပြစ်ပြည့်ဝလူသား ဘုန်းတော်ကို မမြင်ရလည်း

အခြားသူမရှိပြီ၊ ကိုယ်တော်သာသန့်ရှင်း၏

မေတ္တာ၊ တန်ခိုး၊ သန့်ရှင်းခြင်းပြည့်စုံရှင်။

Hymn details

စာသား: Reginald Heber

သံစဉ်: John B. Dykes

Meter: 12.13.12.10.

Key: Eb Major

Time: 4/4

Audio