ကိုယ်တော်ကို ကျွန်ုပ်ချစ်ပါမည်
တောင့်တခြင်းများ- ခရစ်တော်ကို ချစ်ခြင်း
Verse 1
ကိုယ်တော်ကို ကျွန်ုပ်ချစ်ပါမည်
စိတ်ခံစားမှု အားလုံးပိုင်
ထိုချစ်ခြင်းသည် တန်ခိုးကြီးမား
ကျွန်ုပ်သက်တာ အားလုံး ပေး
သက်တာဝန်ထုတ်များ လွယ်ကူစေ
သက်တာဝမ်းနည်းခြင်း ပြေပျောက်
သခင်ကိုသာ ကျေနပ်စေမည်
အပြုံးတော်ဖြင့် အောင်နိုင်မူ။
chorus
ကယ်တင်ရှင်ကို ချစ်မည်
စိတ်နှလုံး ပိုင်ဆိုင်ပါ
ကျေနပ်တော်မူခြင်းသာ
ကျွန်ုပ်စိတ် နှစ်သိမ့်ရာ။
Verse 2
ကိုယ်တော်ကို ကျွန်ုပ်ချစ်ပါမည်
ကျွန်ုပ်ဖို့ မေတ္တာတော် ပြု
မယုံသော စိတ်နှလုံး ကူမ
ကာရာနီ မြင်ကွင်းအားဖြင့်
မေတ္တာတော်သည် ငြင်းပယ်ပေးမူ
ကျွန်ုပ်အပြစ် ရှက်ဖွယ်ရာ
ဒဏ်ချက်ရာတော် နားလည်ခြင်းဖြင့်
အဖိုးခပေး ရွေးဝယ်ပြီ။
chorus
ကယ်တင်ရှင်ကို ချစ်မည်
စိတ်နှလုံး ပိုင်ဆိုင်ပါ
ကျေနပ်တော်မူခြင်းသာ
ကျွန်ုပ်စိတ် နှစ်သိမ့်ရာ။
Verse 3
ကိုယ်တော်ကို ကျွနု်ပ်ချစ်ပါမည်
ကိုယ်တော်ကို ကောင်းဆုံး ချစ်မည်
ထွန်းလင်းချိန်နှင့် ဝမ်းနည်းချိန်၌
ကိုယ်တော်၌သာ နားခိုရ
ကိုယ်တော်မပါ သက်တာမှေးမှိန်
ကောင်းဆုံး ပန်းများ တန်ဖိုးမဲ့
ထာဝရလက်ဆောင်ကို ယူဆောင်
ချည်းနှီးချိန်ခါများ ချန်ခဲ့။
chorus
ကယ်တင်ရှင်ကို ချစ်မည်
စိတ်နှလုံး ပိုင်ဆိုင်ပါ
ကျေနပ်တော်မူခြင်းသာ
ကျွန်ုပ်စိတ် နှစ်သိမ့်ရာ။
Verse 4
ကိုယ်တော်ကို ကျွနု်ပ်ချစ်ပါမည်
မှုရာ၊ စဉ်းစားခြင်း သိမ်းပိုက်
မေတ္တာဖြင့် ဖြောင့်မတ်စွာ လျှောက်လှမ်း
ကိုယ်တော်ကို အစေခံမည်
မေတ္တာသည် ဝမ်းနည်းခြင်း ငြိမ်းစေ
မေတ္တာသည် ဝန်ကို ပေါ့စေ
မေတ္တာသည် မတွန့်ဆုတ်၊ နောက်လိုက်
မေတ္တာသည် အောင်မြင်၊ ရဲရင့်။
chorus
ကယ်တင်ရှင်ကို ချစ်မည်
စိတ်နှလုံး ပိုင်ဆိုင်ပါ
ကျေနပ်တော်မူခြင်းသာ
ကျွန်ုပ်စိတ် နှစ်သိမ့်ရာ။
Hymn details
Key: D Major
Audio