ဘုရားဝိညာဉ် ခရစ်တော်ဖြစ်
ဝိညာဉ်တော်နှင့် ပြည့်ဝခြင်း- စစ်မှန်ခြင်း၏ဝိညာဉ်တော်အဖြစ်
Verse 1
ဘုရားဝိညာဉ် ခရစ်တော်ဖြစ်
စစ်မှန်ခြင်း၏ ဝိညာဉ်တော်ဖြစ်
အသက်အဖြစ် ခရစ် ကိန်းဝပ်
ဤခရစ်တော် လွန်စစ်မှန်စေ။
Verse 2
ဘုရားထင်ရှားခြင်း ခရစ်တော်
ဘုရားအသက် ထင်ရှားခြင်းဖြစ်
ဝိညာဉ်တော်သည် ခရစ်တော်ထံ
အသက်လမ်းကို ဖွင့်ပြပေးပြီ။
Verse 3
ခမည်းတော်ဘုရား ပြည့်ဝခြင်း
သားတော်ခရစ်၌ ကိုယ်ထင်ရှား
သားတော်၏ ကြွယ်ဝခြင်းအားလုံး
ဝိညာဉ်တော်ဖြစ် စစ်မှန်ခြင်းဖြစ်။
Verse 4
သားတော်၌ ခမည်းတော်ရှိပြီ
ဝိညာဉ်တော်သည် သားတော်ဖြစ်၏
ခမည်းတော်နှင့် သားတော် ပေါင်းစည်း
ဝိညာဉ်တော်၊ သားတော်၊ တစ်ပါးတည်း။
Verse 5
ဝိညာဉ်တော်သည် ခွန်အားပေးပြီ
စိတ်နှလုံး၌ ခရစ် အိမ်ဆောက်
ခမည်းတော် မေတ္တာ ပြည့်ဝခြင်း
ကျွန်ုပ်တို့အတွင်း၌ ဖြည့်ပေး။
Verse 6
ခရစ်၌ ခမည်းတော်ကို ရ
လိုအပ်သမျှ အားလုံးရရှိ
ဝိညာဉ်တော်၌ ခရစ်တွေ့ကြုံ
အသက်နှင့် အရာခပ်သိမ်းဖြစ်။
Verse 7
ဘုရားဆိုင်ရာ စစ်မှန်ခြင်းဖြင့်
ဝိညာဉ်တော်ဖြင့် ယခု ဖြည့်ပါ
သို့မှ ကိုယ်တော်နှင့် ပြည့်ဝမည်
ကိုယ်တော့် ကြွယ်ဝခြင်းများ ရရှိ။
Hymn details
Key: D Major
Audio