M571E1199KC571MT571

လူနှင့်ပေါင်းစည်းရန် စကြဝဠာ၌ ဘုရားရည်ရွယ်ပြီ

ဘုရားသခင်ကိုတွေ့ကြုံခံစားခြင်း - ကိုယ်တော်၏ဝေငှဖြန့်ဖြူးခြင်း

21

Verse 1

လူနှင့်ပေါင်းစည်းရန် စကြဝဠာ၌ ဘုရားရည်ရွယ်ပြီ

သခင်ဘုရားသည် ဝိညာဉ်တော်ဖြစ်လာ လူနှင့်ပေါင်းစည်းပြီ

ဘုရား၏စီမံကိန်း၌ ပါဝင်ရ ကျွန်ုပ်တို့ဝမ်းမြောက်

ပေါင်းစည်းခြင်းသည် လမ်းမှန်။

chorus

ပေါင်းစည်း၊ ပေါင်းစည်း၊ ဟာလေလုယာ

ပေါင်းစည်း၊ ပေါင်းစည်း၊ ဟာလေလုယာ

ပေါင်းစည်း၊ ပေါင်းစည်း၊ ဟာလေလယာ

ပေါင်းစည်းခြင်းသည် လမ်းမှန်။

Verse 2

အသိဉာဏ်၊ ခံစားမှု၊ အလိုဆန္ဒတို့အတွင်းဗဟို

သခင်ဘုရားကို ဖြည့်ခြင်းခံယူရန်အပိုင်း ဖန်ဆင်းခံ

ထိုအပိုင်း၌ ကိုယ်တော်၏စီးဆင်းခြင်းဖြည့်ခံပြည့်ဝရန်

ပေါင်းစည်းခြင်းသည် လမ်းမှန်။

chorus

ပေါင်းစည်း၊ ပေါင်းစည်း၊ ဟာလေလုယာ

ပေါင်းစည်း၊ ပေါင်းစည်း၊ ဟာလေလုယာ

ပေါင်းစည်း၊ ပေါင်းစည်း၊ ဟာလေလုယာ

ပေါင်းစည်းခြင်းသည် လမ်းမှန်။

Verse 3

ပြန်လည်ရယူခြင်း၌ လမ်းမှန်တွေ့ပြီ ကျွန်ုပ်တို့ဝမ်းမြောက်

သုံးပါးတစ်ပါးဘုရားကို တွေ့ကြုံကာ ယနေ့သက်ရှင်ရန်

ပေါင်းစည်းဝိညာဉ်ထဲ ဝင်ရောက်ကာ ဝိညာဉ်အတွင်း၌တည်နေ

ပေါင်းစည်းခြင်းသည် လမ်းမှန်။

chorus

ပေါင်းစည်း၊ ပေါင်းစည်း၊ ဟာလေလုယာ

ပေါင်းစည်း၊ ပေါင်းစည်း၊ ဟာလေလုယာ

ပေါင်းစည်း၊ ပေါင်းစည်း၊ ဟာလေလုယာ

ပေါင်းစည်းခြင်းသည် လမ်းမှန်။

Verse 4

မီးခုံတိုင်ခုနစ်ခုအလယ် လူသားကို ကျွန်ုပ်တို့မြင်

ပြန်လည်ရယူခြင်းတွက် မီးလျှံမျက်စိ၊ ခြေတော်မီးချွတ်ပြီး

တစ်လုံးတစ်ဝပေါင်းစည်းခြင်းပြီးစီးရန် ဘုရားရှင်ရည်ရွယ်

ပေါင်းစည်းခြင်းသည် လမ်းမှန်။

chorus

ပေါင်းစည်း၊ ပေါင်းစည်း၊ ဟာလေလုယာ

ပေါင်းစည်း၊ ပေါင်းစည်း၊ ဟာလေလုယာ

ပေါင်းစည်း၊ ပေါင်းစည်း၊ ဟာလေလုယာ

ပေါင်းစည်းခြင်းသည် လမ်းမှန်။

Verse 5

နေ့စဉ်သက်တာ၌ ဖြစ်ခြင်း၊ လုပ်ဆောင်ခြင်း၊ စဉ်းစားပြောဆိုခြင်း

ကိုယ်တော်ကိုအမြတ်ရရန် နေ့စဉ်နက်နဲပေါင်းစည်းရမည်

ပေါင်းစည်းခြင်းရှိရန် ကိုယ်တော်ထံ အကြွင်းမဲ့ဆက်ကပ်အပ်နှံ

ပေါင်းစည်းခြင်းသည် လမ်းမှန်။

chorus

ပေါင်းစည်း၊ ပေါင်းစည်း၊ ဟာလေလုယာ

ပေါင်းစည်း၊ ပေါင်းစည်း၊ ဟာလေလုယာ

ပေါင်းစည်း၊ ပေါင်းစည်း၊ ဟာလေလုယာ

ပေါင်းစည်းခြင်းသည် လမ်းမှန်။

Verse 6

နေ့စဉ်သက်ရှင်ခြင်းအသီး ယေရုရှလင်မြို့သစ်ကိုမြင်

ဘုရားဇာတိနှင့်လူသားဇာတိ ပြီးမြောက်စွာပေါင်းစည်းပြီ

စုပေါင်းခြင်း၌ အလုံးစုံကို ကျွန်ုပ်တို့ဝေမျှဝမ်းမြောက်

ပေါင်းစည်းခြင်းသည် လမ်းမှန်။

chorus

ပေါင်းစည်း၊ ပေါင်းစည်း၊ ဟာလေလုယာ

ပေါင်းစည်း၊ ပေါင်းစည်း၊ ဟာလေလုယာ

ပေါင်းစည်း၊ ပေါင်းစည်း၊ ဟာလေလုယာ

ပေါင်းစည်းခြင်းသည် လမ်းမှန်။

Hymn details

Key: G Major

Audio