M561E96KC561MT561

မေတ္တာသည် ငါ့သီချင်း

သခင်ဘုရားကိုချီးမွမ်းခြင်း - ကိုယ်တော်၏ဆင်းရဲဒုက္ခ

21

Verse 1

မေတ္တာသည် ငါ့သီချင်း

ကယ်တင်ရှင်၊ ငါ့ကိုချစ်

မေတ္တာတော် ပြမူပြီ

ချစ်ဖွယ်ကောင်းစေမူပြီ။

မည်သူဖြစ်၍

ငါ့အတွက်ကြောင့်

ငါ့သခင်သည်

အသေခံနည်း။

Verse 2

ကောင်းချီးခံ ပလ္လင်မှ

ကယ်တင်ခြင်းပေးကြွလာ

လူများသည် စိမ်းကားကြ

တောင့်တသူ မရှိပြီ။

အိုမိတ်ဆွေတို့၊

ကျွန်ုပ်တို့တွက်

ကိုယ်တော်ရှင်သည်

သက်တော်စွန့်ပြီ။

Verse 3

ကြွမူရာ လမ်းခင်းကြ

ချီးမွမ်းသီချင်းဆိုကြ

ဟောရှဏ္ဏ ဖြစ်စေတည်း

တစ်နေ့လုံးကြွေးကြော်ကြ။

ထို့နောက် "သေစေ"

သူတို့တောင်းဆို

သေစေရန်သာ

သူတို့တောင့်တ။

Verse 4

စီရင်ခြင်း သူတို့ပြု

သခင်ကို သေမိန့်ပေး

ပြစ်သားကို ကယ်လွတ်ပေး

ဘုရင်ကို သတ်ဖြတ်ကြ။

သို့သော်ကိုယ်တော်

ဝမ်းမြောက်နာကျင်

ရန်သူလက်မှ

လွတ်မြောက်ခံရ။

Verse 5

မြေကြီးပေါ် သက်ရှင်စဉ်

နားခိုအိမ် မရှိပြီ

သေခံပြီး၊ သင်္ချိုင်းမဲ့၊

သူစိမ်းမှ ပြင်ဆင်ပေး။

မည်သို့ပြောနိုင်

အိမ်တော်ကောင်းကင်

သို့သော်ထားခံ

သင်္ချိုင်းဂူထဲ။

Verse 6

ချီးမွမ်းသီချင်းဆိုမည်

အံ့ဖွယ်ရာ ဘုရားပြု

မည်မျှကြီးမားမေတ္တာ

နာကျင်ခြင်းခံခဲ့ပြီ။

အိုမိတ်ဆွေတို့၊

ချီးမွမ်းချိုမြိန်

နေ့ရက်အစဉ်

ဝမ်းမြောက်အပ်နှံ။

Hymn details

Key: C Major

Audio