M554E1332KC554MT554

ကမ္ဘာမတည်ရှိမီကပင်

ဧဝံဂေလိတရား - အထွေထွေ

21

Verse 1

ကမ္ဘာမတည်ရှိမီကပင်

သင်သည် ရွေးချယ်ခံရပြီ

ဘုရား၏ရွေးကောက်ခံ သင့်အား

ကြံစည်တော်တွက် ခန့်အပ်ထား။

သင်၏အတွင်းဆုံးဖြစ်ခြင်းမှ

ဤရာဟုတ်မှန်ကြောင်းပြောကြား

ထို့ကြောင့် ဤစည်းဝေး၌သင်ရှိ

မိမိပြုခဲ့ရာဆင်ခြင်။

Verse 2

သင်ပြုခဲ့သောအပြစ်အားလုံး

ရှိသမျှအပြစ်လုံးစုံ

ဘုရားသခင်ခွင့်လွှတ်ပေးပြီ

သားတော်ဖြင့် ဖြေရှင်းပေးပြီ

ရုန်းကန်ခြင်းမပြု၊ ယုံကြည်ပါ

နှုတ်ကပတ်တော်သက်သေထူ

ကိုယ်တော်ကို ကျေးဇူးတင်ချီးမွမ်း

အလုံးစုံ ကိုယ်တော်ပြုပေး။

Verse 3

ကျမ်းစာသည် ပဋိညာဉ်တော်နှင့်

အလိုတော်ကို ဖွင့်ပြပေး

ခရစ်တော်ပြုခဲ့ရာအားလုံး

ဘုရားသားများအတွက်ဖြစ်။

ဘုရားသား၌ သင်လည်းပါဝင်

နှုတ်ကပတ်တော်သည် မြဲတည်

ယုံကြည်ခြင်းဖြင့် အမွေခံရ

ပြုတော်မူရာ သင့်အတွက်။

Verse 4

ဘုရား၌ မိသားစုရှိ၏

မိသားစုဝင် ကျွန်ုပ်တို့

ကိုယ်တော်ကို ဝမ်းမြောက်ခွင့်ရပြီ

အိုမည်မျှအံ့ဖွယ်ဖြစ်ရာ။

ကိုယ်တော်သည် ကျွန်ုပ်တို့ဘုရား

ကိုယ်တော်ကို နေ့စဉ်တိုးချစ်

လွန်စွာဝမ်းမြောက် ကျေးဇူးတင်သည်

ကိုယ်တော်ကို စဉ်ချီးမွမ်းမည်။

Verse 5

ကိုယ်တော်ကို ချစ်ခြင်းသာသိရှိ

ပြုတော်မူရာတွက် ဝမ်းမြောက်

ကိုယ်တော်ထံ ခေါ်ဆောင်ခံရပြီ

တစ်လုံးတစ်ဝ၀မ်းမြောက်ကြ

အားလုံးပါဝင်ခွင့်ရဝမ်းမြောက်

အိုအံ့ဖွယ်မိတ်သဟာယ

မိတ်ဆွေကိုလည်း ဝမ်းမြောက်ကြိုဆို

ဘုရားမိသားစုအထဲ။

Hymn details

Key: D Major

Audio