M552E1327KC552MT552

အသက်စမ်းရေ ကျွန်ုပ်ဆာငတ်

ဧဝံဂေလိတရား - အထွေထွေ

21

Verse 1

အသက်စမ်းရေ ကျွန်ုပ်ဆာငတ်

အတွင်းနက်ရှိုင်း ဆာငတ်ပြေရန်

သို့သော်ကျွန်ုပ် သောက်သုံးစမ်းရေ

သွေ့ခြောက်မြဲ ဆာငတ်မပြေနိုင်

ကိုယ်တော်ကို ကျွန်ုပ်တွေ့

ဆာငတ်မှုပြေပြောက်စေ

အတွင်းနက်နဲ အရင်းမြစ်ဖြစ်လာ

အသက်ရေလျှံထွက်

ယခုသောက်သုံး။

ယေရှု၊ ယေရှု၊ ကျွန်ုပ်အသက်

ယေရှု၊ ယေရှု၊ ကျွန်ုပ်သက်

ယခု ကျေနပ်ခြင်းပြည့်ပြီ

ယေရှု၊ ယေရှု၊ ကျွန်ုပ်သက်။

Verse 2

ထိုစမ်းရေကို မြည်းစမ်းပြီးခါ

စမ်းရေတွင်း ကို ကျွန်ုပ်တောင့်တ

တောင်ပေါ်မှ ရူပါရုံကိုမြင်

ယေရုရှလင်၏စုဝေးရာ

ကျွန်ုပ်ကို ကိုယ်တော်တွေ့

အသင်းတော်သို့ခေါ်ဆောင်

ဝမ်းမြောက်ခြင်းအမြဲပြည့်ဝနေရာ

ရှာဖွေခြင်းဆုံးသတ်

ဟာလေလုယာ။

ယေရှု၊ ယေရှု၊ ကျွန်ုပ်အသက်

ယေရှု၊ ယေရှု၊ ကျွန်ုပ်သက်

ယခု ကျေနပ်ခြင်းပြည့်ပြီ

ယေရှု၊ ယေရှု၊ ကျွန်ုပ်သက်။

Verse 3

ရုန်းကန်ခြင်းများကို ရပ်တန့်ပါ

စိုးရိမ်ခြင်းများ တန်ဖိုးမရှိ

စိတ်နှလုံးဖွင့်လျက် ယုံကြည်ပါ

နာမခေါ် ကိုယ်တော်ဝင်ရောက်လာ

ကိုယ်တော်ကို တွေ့ရှိမည်

နာမတော်ကိုခေါ်ပါ

ကိုယ်တော်နှင့်ပေါင်းစည်း တစ်လုံးတစ်ဝ

သင့်သက်တာပြောင်းလဲ

ကိုယ်တော်နှင့်တူ။

ယေရှု၊ ယေရှု၊ ကျွန်ုပ်အသက်

ယေရှု၊ ယေရှု၊ ကျွန်ုပ်သက်

ယခု ကျေနပ်ခြင်းပြည့်ပြီ

ယေရှု၊ ယေရှု၊ ကျွန်ုပ်သက်။

Hymn details

Key: D Minor

Audio