M54E54KC54MT54

ဘုရားနှင့်အဖထံ ချီးမွမ်းပါသည်

ခမည်းတော်ကို ကိုးကွယ်ခြင်း - များစွာသော သားများအတွက် ချီးမွမ်းခြင်း

21

Verse 1

ဘုရားနှင့်အဖထံ ချီးမွမ်းပါသည်

ချီးမွမ်းခြင်းထက် သာလွန်ဖိုးထိုက်အရှင်

ဝိညာဉ်၌၊ သမ္မာတရား၌ ချီးမွမ်း

ဝတ်ပြုလေးမြတ်သူအား ကိုယ်တော်ရှာဖွေ။

Verse 2

ကမ္ဘာလောကကို သားတော်ဖြင့် ဖန်ဆင်း

အလုံးစုံတို့ကို လက်တော်ဖြင့် ကိုင်စွဲ

ဘုန်းပြည့်ကိုယ်တော်၌ ထံတော်ချဉ်းကပ်ပြီ

ဤသန့်ရှင်းချိန်၌ ကိုးကွယ်စေမူပြီ။

Verse 3

ဤကောင်းချီးဝန်းဝိုင်း၌ ကိုယ်တော်ဦးဆောင်

စည်းဝေး၌ ကိုယ်တော့်ကို ချီးမွမ်းပါပြီ

မည်မျှဝမ်းမြောက်ရာ ထံတော်နီးခွင့်ရ

ကျေနပ်စုံလင်ခြင်းပြည့်သောလွတ်မြောက်ခြင်း။

Verse 4

ပေါင်းစည်းခြင်းဖြင့် ဝမ်းမြောက်သီချင်းချီးမွမ်း

အိုဘုရားရှင်၊ ကိုယ်တော်ပြည့်ဝကျေနပ်

သားတော်ဦးဆောင်သောချီးမွမ်းခြင်းအလယ်

ကိုယ်တော်သည် ထာဝရကိန်းဝပ်မူပြီ။

Hymn details

စာသား: German, Translated by Mrs. S. Hedman

သံစဉ်: Edward Dearle

Meter: 10.10.10.10.

Key: Eb Major

Time: 4/4

Audio