ငါ့အပြစ်စွန်းဆေးအံ့ငှာ
ဧဝံဂေလိတရား - အသွေးတော်
Verse 1
ငါ့အပြစ်စွန်းဆေးအံ့ငှာ
ရှင်ယေရှုအသွေးတတ်စွမ်းလေ
ငါ့ကို ကျန်းမာစိမ့်သောငှာ
ရှင်ယေရှု အသွေးတတ်စွမ်းလေ။
chorus
အိုမြတ်လှစီးသောသွေး
မိုးပွင့်လို ဖြူစင်စေ
ခြားစမ်းရေ ရှာမတွေ့
ရှင်ယေရှု အသွေးတတ်စွမ်းလေ။
Verse 2
ငါ့ကိုစင်ကြယ်စေဖို့ရာ
ရှင်ယေရှု အသွေးတတ်စွမ်းလေ
ငါ့အပြစ် ဖြေလွှတ်စိမ့်ငှာ
ရှင်ယေရှု အသွေးတတ်စွမ်းလေ။
chorus
အိုမြတ်လှစီးသောသွေး
မိုးပွင့်လို ဖြူစင်စေ
ခြားစမ်းရေ ရှာမတွေ့
ရှင်ယေရှု အသွေးတတ်စွမ်းလေ။
Verse 3
ငါ့အပြစ်တွက် ခံစေရန်
ရှင်ယေရှုအသွေးတတ်စွမ်းလေ
ငါ့ကိုယ်စား ကုသိုလ်သွင်းရန်
ရှင်ယေရှုအသွေးတတ်စွမ်းလေ။
chorus
အိုမြတ်လှစီးသောသွေး
မိုးပွင့်လို ဖြူစင်စေ
ခြားစမ်းရေ ရှာမတွေ့
ရှင်ယေရှု အသွေးတတ်စွမ်းလေ။
Verse 4
ငါ့မျှော်လင့်စိတ်ငြိမ်စေရန်
ရှင်ယေရှုအသွေးတတ်စွမ်းလေ
ငါဖြောင့်မတ်ခွင့်ရစေရန်
ရှင်ယေရှုအသွေးတတ်စွမ်းလေ။
chorus
အိုမြတ်လှစီးသောသွေး
မိုးပွင့်လို ဖြူစင်စေ
ခြားစမ်းရေ ရှာမတွေ့
ရှင်ယေရှု အသွေးတတ်စွမ်းလေ။
Hymn details
Key: D Major
Audio