မီးခွက်ထဲဆီရှိ၍ တောက်လောင်နေမည်
ဘုန်းမျှော်လင့်ခြင်း -ခရစ်တော်ပြန်ကြွလာခြင်းအတွက်ပြင်ဆင်ခြင်း (မဿဲ၊ ၂၅း၁-၁၃)
Verse 1
မီးခွက်ထဲဆီရှိ၍ တောက်လောင်နေမည်
မီးခွက်ထဲ ယနေ့ဆီရှိပြီ
အိုသခင်၊ ဝိညာဉ်ထံ လှည့်ပြန်စေပါ
အစဉ်လှည့်ပြန်ရန် စောင့်ထိန်းမူပါ။
chorus
ကိုယ်တော်၊ အာမင်၊ ဟာလေလုယာ
ကျွန်ုပ်တို့နေ့စဉ်တောက်လောင်နေမည်
ကိုယ်တော်၊ အာမင်၊ ဟာလေလုယာ
ကိုယ်တော်ထံ အစဉ်လှည့်ပြန်။
Verse 2
သို့သော်ကြွလာခြင်းတွက် ဆီလိုနေသေး
ကျွန်ုပ်တို့၌ ဆီပိုရှိရမည်
ထို့ကြောင့်ဆီဗူး၌ ဆီဖြည့်ခြင်းခံယူ
သို့မှမီးခွက်မီးမငြိမ်းနိုင်ပေ။
chorus
ဖြည့်ပါယေရှု၊ ဖြည့်ပါယေရှု
အချိန်တိုင်း ကိုယ်တော်နှင့်ပြည့်စေပါ
ဖြည့်ပါယေရှု၊ ဖြည့်ပါယေရှု
ကိုယ်တော်စစ်မှန်ခြင်းပြည့်စေ။
Verse 3
ကိုယ်တော်ကြွလာသည့်တိုင် တောက်လောင်နေမည်
ကိုယ်တော်ကြွလာသောခါ ကျွန်ုပ်တို့
မင်္ဂလာခန်းမသို့ တူဝင်သွားမည်
အစဉ်ထွန်းလင်းတောက်ပတောက်လောင်မည်။
chorus
ကြွပါယေရှု၊ ကြွပါယေရှု
ပြည့်ဝတောက်လောင်ခြင်းကို ကြည့်မူပါ
ကြွပါယေရှု၊ ကြွပါယေရှု
သတို့သားနှစ်သက်ဝမ်းမြောက်။
Hymn details
Key: D Major
Audio