ချစ်သခင်ကြွလာသောအခါ
ဘုန်းမျှော်လင့်ခြင်း - သခင်ဘုရားနှင့်မျက်နှာချင်းဆိုင်
Verse 1
ချစ်သခင်ကြွလာသောအခါ
နာကျင်ခြင်းများမှ ကယ်လွှတ်မှာ
သန့်ရှင်းသူတိုင်း နောက်တော်သို့လိုက်
အို ချီးမွမ်းလော့
အို ချီးမွမ်းလော့၊ အို ချီးမွမ်းလော့
သန့်ရှင်းသူတိုင်း နောက်တော်သို့လိုက်
အို ချီးမွမ်းလော့။
Verse 2
ကိုယ်တော်ကို မျက်နှာချင်းဆိုင်မြင်
အဆုံးမဲ့နေ့ထိ တူနေမည်
ကျေးဇူးတော်သီချင်းဝမ်းမြောက်ဆို
အို ချီးမွမ်းလော့
အို ချီးမွမ်းလော့၊ အို ချီးမွမ်းလော့
ကျေးဇူးတော်သီချင်းဝမ်းမြောက်ဆို
အို ချီးမွမ်းလော့။
Verse 3
ကိုယ်တော်ကို ပလ္လင်တော်ရှေ့တွေ့
ဆင်းရဲဒုက္ခများကွယ်ပျောက်သွား
ဝမ်းမြောက်ခြင်းအောင်ပွဲရယူမည်
အို ချီးမွမ်းလော့
အို ချီးမွမ်းလော့၊ အို ချီးမွမ်းလော့
ဝမ်းမြောက်ခြင်းအောင်ပွဲရယူမည်
အို ချီးမွမ်းလော့။
Verse 4
ထိုနေ့၌ ကျွန်ုပ်သက်သေခံ
ခရစ်တော်အသက်တုနှိုင်းမဲ့
ကောင်းကင်သို့ချီဆောင် ဘုန်းကြီးစွ
အို ချီးမွမ်းလော့
အိုချီးမွမ်းလော့၊ အို ချီးမွမ်းလော့
ကောင်းကင်သို့ချီဆောင် ဘုန်းကြီးစွ
အို ချီးမွမ်းလော့။
Verse 5
ကိုယ်တော်နံဘေးတော်၌စဉ်ရှိ
မခွဲမခွာ၊ တစ်လုံးတစ်ဝ
ကိုယ်တော်စိတ်နှလုံးကျေနပ်မည်
အို ချီးမွမ်းလော့
အို ချီးမွမ်းလော့၊ အိုချီးမွမ်းလော့
ကိုယ်တော်စိတ်နှလုံးကျေနပ်မည်
အို ချီးမွမ်းလော့။
Verse 6
ချစ်သခင်၊ ဘုရင် ကြွလာပါ
ကတိတော်ကို ပြည့်စုံစေပါ
အောင်မြင်သူများကို ဆုပေးပါ
အို ချီးမွမ်းလော့
အို ချီးမွမ်းလော့၊ အို ချီးမွမ်းလော့
အောင်မြင်သူများကို ဆုပေးပါ
အို ချီးမွမ်းလော့။
Hymn details
Key: G Major
Audio