ခရစ်တော်သည် ဘုန်းမျှော်လင့်ရာကျွန်ုပ်၏အသက်
ဘုန်းမျှော်လင့်ခြင်း - ဘုန်းထင်ရှားသောခရစ်တော်
Verse 1
ခရစ်တော်သည် ဘုန်းမျှော်လင့်ရာကျွန်ုပ်၏အသက်
ကျွန်ုပ်ကို အသစ်မွေးပေး၊ ကိုယ်တော်နှင့်ပြည့်ဝစေ
အောင်ခြင်းတန်ခိုးဖြင့် ကြွလာ ကျွန်ုပ်ခန္ဓာပြောင်းလဲ
ကိုယ်တော်၏ခန္ဓာကဲ့သို့ ဘုန်းဝင်စားမည်။
chorus
ကိုယ်တော်လာပြီ၊ ကျွန်ုပ်ဘုန်းထင်ရှားမည်
ကျွန်ုပ်ခန္ဓာအဆင်းသဏ္ဌာန်ပြောင်းလဲ၊ ကိုယ်တော်နှင့်တူ
ကိုယ်တော်လာပြီ၊ ခန္ဓာကို ရွေးနှုတ်ပေး
သန့်ရှင်းသူတိုင်း ဘုန်းမျှော်လင့်ရာ
လာပြီ၊ ကိုယ်တော်လာပြီ။
Verse 2
ခရစ်တော်သည် ဘုန်းမျှော်လင့်ရာ လွန်စွာနက်နဲလှ
ကိုယ်တော်ကြွယ်ဝပြည့်စုံခြင်း ကျွန်ုပ်သက်တာဖြည့်သွင်း
ဘုရားရှင်နှင့်မိတ်ဖွဲ့ရန် ကိုယ်တော်ဆင်းသက်ကြွပြန်
ဘုန်းတော်ကို ကျွန်ုပ်ဆောင်မည် ဘုန်းထင်ရှားပြီ။
chorus
ကိုယ်တော်လာပြီ၊ ကျွန်ုပ်ဘုန်းထင်ရှားမည်
ကျွန်ုပ်ခန္ဓာအဆင်းသဏ္ဌာန်ပြောင်းလဲ၊ ကိုယ်တော်နှင့်တူ
ကိုယ်တော်လာပြီ၊ ခန္ဓာကို ရွေးနုတ်ပေး
သန့်ရှင်းသူတိုင်း ဘုန်းမျှော်လင့်ရာ
လာပြီ၊ ကိုယ်တော်လာပြီ။
Verse 3
ခရစ်တော်သည် ဘုန်းမျှော်လင့်ရာ ပြည့်စွာရွေးနုတ်မှာ
သေခြင်းမှရွေးနုတ်ခဲ့သည် လွတ်ငြိမ်းချမ်းသာခဲ့ပြီ
ကျွန်ုပ်ခန္ဓာဘုန်းပွင့်စေရန် ကိုယ်တော်ကြွတစ်ဖန်
သေခြင်းကိုကျော်လွန်ခဲ့သည် ထာဝရအောင်။
chorus
ကိုယ်တော်လာပြီ၊ ကျွန်ုပ်ဘုန်းထင်ရှားမည်
ကျွန်ုပ်ခန္ဓာအဆင်းသဏ္ဌာန်ပြောင်းလဲ၊ ကိုယ်တော်နှင့်တူ
ကိုယ်တော်လာပြီ၊ ခန္ဓာကို ရွေးနုတ်ပေး
သန့်ရှင်းသူတိုင်း ဘုန်းမျှော်လင့်ရာ
လာပြီ၊ ကိုယ်တော်လာပြီ။
Verse 4
ခရစ်တော်သည် ဘုန်းမျှော်လင့်ရာ ကျွန်ုပ်တွင်ဖြစ်မှာ
ကိုယ်တော်သက်တာသည် ကျွန်ုပ်တွေ့ကြုံခံစားစရာ
ကျွန်ုပ်ဘုန်းဝင်စားခွင့်ရရန် ကိုယ်တော်ဆင်းကြွပြန်
ကိုယ်တော်သာပြည့်စုံလင်ရာ ကျွန်ုပ်တွက်ပင်။
chorus
ကိုယ်တော်လာပြီ၊ ကျွန်ုပ်ဘုန်းထင်ရှားမည်
ကျွန်ုပ်ခန္ဓာအဆင်းသဏ္ဌာန်ပြောင်းလဲ၊ ကိုယ်တော်နှင့်တူ
ကိုယ်တော်လာပြီ၊ ခန္ဓာကို ရွေးနုတ်ပေး
သန့်ရှင်းသူတိုင်း ဘုန်းမျှော်လင့်ရာ
လာပြီ၊ ကိုယ်တော်လာပြီ။
Hymn details
Key: G Major
Audio