မြေကြီးပေါ်ရှိ ကျွန်ုပ်တို့တွက်
နိုင်ငံတော် - နိုင်ငံတော်မျိုးစေ့
Verse 1
မြေကြီးပေါ်ရှိ ကျွန်ုပ်တို့တွက်
ဖန်ဆင်းရှင်၌ ကြံစည်ရှိ
မြေပေါ်အုပ်စိုးခြင်းထင်ရှားရန်
သဏ္ဌာန်တော်၌ဖန်ဆင်းခဲ့
စာတန်သွေးဆောင်လူကျဆင်းခဲ့
ဘုရားပန်းတိုင်ဝှက်ထားခံ
ဘုရားသည် နိုင်ငံတော်ရှိလို
သားတော်အားဖြင့် မြင်မည်မှန်။
Verse 2
ခရစ်တော်နိုင်ငံတော်ရယူ
စာတန်မည်သို့တားဆီးလည်း
စိတ်နှလုံး၌ ကြီးထွားခြင်းဖြင့်
ခိုင်ခံ့၊ စစ်မှန်ခြင်းရယူ
"သေသည့်တိုင်စောင့်ရမည်"ဟူသော
ဘာသာရေးသွန်သင်မဟုတ်
ယခုမျက်မှောက်ဤမြေကြီးပေါ်
နိုင်ငံတော်ကို တည်ဆောက်ပြီ။
Verse 3
သားတော်ယေရှုသည် ကယ်တင်ရှင်
လူ့ဇာတိကို ခံယူခဲ့
ခုဝိညာဉ်တော်ဖြစ် ဝင်ရောက်လာ
လူအဖို့ အသက်ဖြစ်၏
ဝိညာဉ်တွင်း၌ မျိုးစေ့အဖြစ်
ခရစ်တော်သည် အမြစ်စွဲ
ကြီးထွားကာဖြစ်ခြင်းထဲပျံ့နှံ့
အသက်တော်ကို သိသည့်တိုင်။
Verse 4
အချိန်တိုတောင်း၊ ညီကိုကြားပါ
ကိုယ်တော်မျှော်-သတို့သမီး
အသက်တော်၌ ကြီးထွားခြင်းဖြင့်
ကြွလာခြင်းကို လျင်မြန်စေ
ကြိုးစားရုန်းကန်ခြင်းမပြုဘဲ
ခရစ်တော်ထံလှည့်ပြန်ပါ
ကိုယ်တော်အထဲပြည့်ဝကြီးထွား
ကြည့်ပါ၊ မျိုးစေ့ပန်းပွင့်လာ။
Verse 5
ခရစ်တော်နိုင်ငံတော်ရယူ
ပုံမှန်ကြီးထွားခြင်းဖြင့်လေ
ချက်ချင်း သဏ္ဌာန်မပြောင်းလဲ
တစ်နေ့ပြီးတစ်နေ့ကြီးထွား
သက်မျိုးစေ့၌ အားလုံးပါဝင်
လိုအပ်ရာအားလုံးရရှိ
ဘုရား၏ထာဝရကြံစည်
ဖိုးထိုက်မျိုးစေ့တွင်း၌ရှိ။
Hymn details
Key: G Major
Audio