M499E941KC499MT499

နိုင်ငံတော်၊ ဘုရားအုပ်စိုး

နိုင်ငံတော် - ၎င်းအဓိပ္ပာယ်

21

Verse 1

နိုင်ငံတော်၊ ဘုရားအုပ်စိုး

ဘုန်းတော်အစဉ်ထွန်းလင်း

ကိုယ်တော်၏ အုပ်စိုးခြင်းသည်

အစဉ်တကျတည်တံ့

ကိုယ်တော်၏ပြည့်ဝလုပ်ဆောင်

ကိုယ်တော့်အခွင့်အာဏာ

နိုင်ငံတော်အတွင်း သက်ရောက်

ထာဝရကာလတိုင်။

Verse 2

အုပ်စိုးခြင်းအလယ်ဗဟို

ပလ္လင်ပေါ် ဘုရားရှိ

ဘုရားသည် အုပ်စိုးစီမံ

ရာအားလုံးစဉ်တကျ

ဦးခေါင်းတော်၊ သခင်ဖြစ်ခြင်း

ကိုယ်တော်ရှင်တစ်ပါးသာ

နိုင်ငံတော်၌ ရှင်ဘုရင်

ရာခပ်သိမ်းပေါ် အုပ်စိုး။

Verse 3

နိုင်ငံတော်၌ စိုးစံခြင်း

အလိုတော်ကို လုပ်ဆောင်

စိုးစံတော်မူခြင်းအောက်၌

ကြံစည်တော်သည် ပြီးမြောက်

ဘုရားနိုင်ငံတော်၌သာ

ကောင်းကြီးကို သိမြင်ရ

ဘုန်းတန်ခိုးပလ္လင်တော်မှ

အသက်ရေစီးဆင်းလာ။

Verse 4

ဘုရားအုပ်စိုးခြင်းဝန်ခံ

ကောင်းမြတ်ခြင်းများသုံးခံ

ဦးခေါင်းတော်ကို ပုန်ကန်ခြင်း

အပြစ်၏အရင်းမြစ်

စာတန်၏ဆိုးညစ်ကြံစည်

ပလ္လင်တော်ပေါ်ထိုင်လို

ကျွန်ုပ်တို့ကြံစည်ပန်းတိုင်

အုပ်စိုးခြင်းပြည့်ဝသိ။

Verse 5

ဘုရားအုပ်စိုးနိုင်ငံတော်

ခရစ်တော်ကြီးမားထင်

အသက်၌ ကိုယ်တော်အုပ်စိုး

ခမည်းတော်ဘုန်းထင်ရှား

ဘုရားစိုးစံသောအခါ

ရာအားလုံးကောင်းကြီးခံ

ခရစ်တော်အုပ်စိုးသောခါ

ဘုရားဘုန်းတော်ထင်ရှား။

Verse 6

ကာလအချိန်ပြည့်စုံခြင်း

ချုပ်ခြာ ခရစ်တော်၌

ကိုယ်တော့်စိုးစံခြင်းအောက်၌

ကြီးငယ်အားလုံး ဝတ်ပြု

အသက်နှင့် ဘုန်းတော် စိုးစံ

အသင်းတော်၌ မြည်းစမ်း

အုပ်စိုးခြင်း ဝန်ခံခြင်းဖြင့်

နိုင်ငံတော်ထင်ရှားလာ။

Hymn details

Key: D Major

Audio