M494E924KC494MT494

ဂါလိလဲအိုင်နားတစ်လျှောက်တွင်

ဧဝံဂေလိတရားဟောပြောခြင်း - လူများကိုကျွေးမွေးခြင်း

21

Verse 1

ဂါလိလဲအိုင်နားတစ်လျှောက်တွင်

ကျွေးမွေး လူငါးထောင်ကို

မုန့်ကိုအတူဖဲ့ကြစဉ်ခါ

တစ်ယောက်မျှချန်မထား

ယနေ့လူများသေကြေပျက်စီး

ကြောက်ဖွယ်ဆာမွတ်လျက်သေ

မုန့်ကိုအတူဖဲ့ကြစဉ်ခါ

သူတို့မပါဝင်နိုင်။

chorus

အို၊ သူတို့ကို သက်မုန့်ပေးမူပါ

သက်ရေလည်း ပေးမူပါ

ကျွန်ုပ်ငိုကြွေး "အလိုတော်တွက်

ကျွန်ုပ်အဆင်သင့်ရှိ"။

Verse 2

ယေရှုခရစ်တော်သွေးသွန်းခဲ့

လူအနည်းငယ်သာသိ

အသက်မုန့်ဖြစ်လာရန်သေခံ

ကိုယ်တော်၌ ကျွေးမွေးခံ

ကျောက်နှင့်သစ်သားဘုရားများထံ

ငိုကြွေးလည်း၊ မကျွေးမွေး

မုန့်ကိုအတူဖဲ့ကြစဉ်ခါ

သူတို့ကိုချန်ထားပြီ။

chorus

အို၊ သူတို့ကို သက်မုန့်ပေးမူပါ

သက်ရေလည်း ပေးမူပါ

ကျွန်ုပ်ငိုကြွေး "အလိုတော်တွက်

ကျွန်ုပ်အဆင်သင့်ရှိ"။

Verse 3

ဘုရားသည် သားတော်ကိုပေးပြီ

ဝိညာဉ်တော်ဦးဆောင်ပါ

အသက်မုန့်ဆာမွတ်သူများထံ

ကိုယ်တော့်မေတ္တာကြားပြော

ဝမ်းမြောက်စွာသွားမည်၊ စေလွတ်မည်

ကောင်းချီးသတင်းပျံ့နှံ့

မုန့်ကိုအတူဖဲ့ကြစဉ်ခါ

သူတို့လည်း ပါဝင်မည်။

chorus

အို၊ သူတို့ကို သက်မုန့်ပေးမူပါ

သက်ရေလည်း ပေးမူပါ

ကျွန်ုပ်ငိုကြွေး "အလိုတော်တွက်

ကျွန်ုပ်အဆင်သင့်ရှိ"။

Hymn details

Key: D Minor

Audio