M492E921KC492MT492

ပျက်စီးသူကယ်တင်ယူ

ဧဝံဂေလိတရားဟောပြောခြင်း - ပျက်စီးသူကယ်တင်ခြင်း

21

Verse 1

ပျက်စီးသူကယ်တင်ယူ

သေလုသူကြည့်ရှု

အပြစ်နှင့်သင်္ချိုင်းတွင်းမှ ကယ်နှုတ်ပါ

လမ်းလွဲသူဖို့ငိုကြွေး၊ လဲသူချီပင့်လေ

ယေရှုရှင်ကယ်တင်နိုင်ကြောင်းကို ပြောပါ။

chorus

ပျက်စီးသူကို ကယ်တင်

သေလုသူကြည့်ရှု

ကရုဏာတော်မြတ်ဖြင့်

ယေရှုကယ်ယူ။

Verse 2

မထီမဲ့ပြုသော်လည်း၊ စောင့်လျက်နေသေး၏

နောင်တရသောသားကို လက်ခံခြင်းငှာ

စိတ်ပါလျက် နှိုးဆော်ကြ၊ သွေးတော်ဖြည်းညှင်းစွာ

ယုံကြည်လျှင် ပြစ်လွတ်ဆေးကြောမည်မှန်ပါ။

chorus

ပျက်စီးသူကို ကယ်တင်

သေလုသူကြည့်ရှု

ကရုဏာတော်မြတ်ဖြင့်

ယေရှုကယ်ယူ။

Verse 3

လူ၏ စိတ်အတွင်းမှာ၊ စာတန် ဖျက်စီးရာ

ကရုဏာတော် ပြန်၍ ပြုပြင်နိုင်လေ

ချစ်ခြင်းမေတ္တာတော်ဖြင့် တို့တော်မူရလျှင်

ပျက်စီးနေခြင်းကို ပြန်ပြုပြင်နိုင်ပေ။

chorus

ပျက်စီးသူကို ကယ်တင်

သေလုသူကြည့်ရှု

ကရုဏာတော်မြတ်ဖြင့်

ယေရှုကယ်ယူ။

Verse 4

ပျက်စီးသူကယ်တင်ယူ၊ ဆောင်ရွက်ရန်အမှု

ဆောင်ရွက်နိုင်ရန် အားပေးမူမည် ကိုယ်တော်

ကျဉ်းမြောင်းရာလမ်းထဲသို့ တစ်ဖန် ပြန်လာဖို့

လမ်းလွဲသူအား ကိုယ်တော်သေခံကြောင်းပြော။

chorus

ပျက်စီးသူကို ကယ်တင်

သေလုသူကြည့်ရှု

ကရုဏာတော်မြတ်ဖြင့်

ယေရှုကယ်ယူ။

Hymn details

Key: A Major

Audio