ဘုရားရှင်အား ကိုးကွယ်သည်
ခမည်းတော်ကို ကိုးကွယ်ခြင်း - သားအရာ၌ ကျေးဇူးတော်
21
Verse 1
ဘုရားရှင်အား ကိုးကွယ်သည်
ရိုသေလေးမြတ်ဒူးထောက်သည်
ယေရှုခရစ်လျှောက်လဲပေး
အဖကို လေးမြတ်သည်။
Verse 2
မေတ္တာတော် နက်နဲကျယ်ဝန်း
သားတော်ကိုပေး သေခံစေ
ဖြောင့်မတ်တောင်းဆိုရာပြည့်စုံ
အဖကို လေးမြတ်သည်။
Verse 3
အံ့ဖွယ်နေရာမျက်မှောက်တော်
ဘုရားသားများဒူးထောက်ကြ
ကျေးဇူးတော်ကြီးမားကြွယ်ဝ
အဖကို လေးမြတ်သည်။
Verse 4
ဝိညာဉ်တော်၏မစမှု
သမ္မာတရား၌ ကိုးကွယ်
မွှေးကြိုင်နံ့သာချီးမွမ်းခြင်း
အဖကို လေးမြတ်သည်။
Verse 5
တဖန်ချီးမွမ်းခြင်းပြုမည်
နက်နဲချီးမွမ်းလေးမြတ်သည်
ယခုမှစထာဝရ
အဖကို လေးမြတ်သည်။
Hymn details
စာသား: Samuel Trevor Francis
သံစဉ်: Samuel Trevor Francis
Meter: 7.7.7.6.
Key: F Major
Time: 4/4
Audio