ဆီးနှင်းဖုံးလွှမ်း မြောက်ပြည်မှ
ဧဝံဂေလိတရားဟောပြောခြင်း - လူမျိုးအပေါ်၏ခေါ်သံ
Verse 1
ဆီးနှင်းဖုံးလွှမ်း မြောက်ပြည်မှ
တောင်မျက်နှာအဆုံးတိုင်
လွင်ပြင် တောင်တန်း ဒေသများ
ကန္တရမြေ မကျန်
မြစ်ချောင်းများအနီးရှိသော
နိုင်ငံလူမျိုးများစွာ
ချည်နှောင်ခြင်းမှ လွတ်ကင်းလို
ကယ်တင်ခံဖို့ ခေါ်နေ။
Verse 2
ပင်လယ် သောင်ပြင် ကမ်းစပ်၌
လေပြည်လေညင်း တိုက်ခတ်
နှစ်လိုဖွယ် မြင်ကွင်းများနှင့်
လူ၏ဆိုးညစ်မှုများ
ဘုရား၏ဆုကျေးဇူးများ
ချည်းနှီး အသုံးပြုကြ
ဘုရားမဲ့သူ မျက်ကန်းများ
သစ်ပင်၊ ကျောက်များ ကိုးကွယ်။
Verse 3
ထက်မှ ဉာဏ်ပညာတော်နှင့်
အလင်းရရှိသူများ
အသက်အလင်း ငြင်းပယ်သူ
မှောင်မိုက်၌ ရှိမည်လော
ကယ်တင်ခြင်း၊ အို ကယ်တင်ခြင်း
ဝမ်းမြောက်စွာ ကြွေးကြော်သံ
လူမျိုးအားလုံး ကြားသိကာ
နာမတော်ကို သိစေ။
Verse 4
လေသည် သတင်းတော် ကြားပြော
ဒီရေသည် သယ်ဆောင်လေ
ပင်လယ်၏ ရေလှိုင်းကဲ့သို့
တစ်ဘက်မှ တစ်ဘက်သို့
သိုးသငယ် အသေခံရ
ပြစ်သားများကို ရွေးနုတ်
ရွေးနုတ်ရှင် ဘုရင်မြတ်သည်
စိုးစံရန် ကြွမူမည်။
Hymn details
Key: D Major
Audio