M481E895KC481MT481

လုပ်ဆောင်စို့၊ လုပ်ဆောင်စို့၊ ဘုရားအစေခံများ

အစေခံခြင်း - လုပ်ဆောင်ခြင်း

21

Verse 1

လုပ်ဆောင်စို့၊ လုပ်ဆောင်စို့၊ ဘုရားအစေခံများ

သခင်လျှောက်ရာလမ်းတိုင်း နောက်တော်သို့ လိုက်ကြစို့

ကိုယ်တော်၏တန်ခိုးဖြင့် ခွန်အားသစ်တိုးပွားရ

ခေါ်တော်မူခြင်းအတွက် ကျေးဇူးတော်ဖြင့် လုပ်ဆောင်။

chorus

ကိုယ်တော့်တွက် လုပ်ဆောင်စို့

ကိုယ်တော်ဖြင့် လုပ်ဆောင်စို့

ကိုယ်တော်နှင့် လုပ်ဆောင်စို့

ကိုယ်တော်၌ များစွာလုပ်ဆောင်စို့။

Verse 2

လုပ်ဆောင်စို့၊ လုပ်ဆောင်စို့၊ ဆာမွတ်သူကိုကျွေးမွေး

သက်စမ်းရေတွင်းသို့ ဆာငတ်သူကို ဦးဆောင်ပေး

ကားတိုင်နှင့်အောင်မြင်ခြင်း ကျွန်ုပ်တို့၏ဘုန်းတော်

"ကယ်တင်ခြင်းအခမဲ့" ပေးထားကြောင်း ကြားပြောလေ။

chorus

ကိုယ်တော့်တွက် လုပ်ဆောင်စို့

ကိုယ်တော်ဖြင့် လုပ်ဆောင်စို့

ကိုယ်တော်နှင့် လုပ်ဆောင်စို့

ကိုယ်တော်၌ များစွာလုပ်ဆောင်စို့။

Verse 3

လုပ်ဆောင်စို့၊ လုပ်ဆောင်စို့၊ သခင်၏ခွန်အား၌

နာမတော်တန်ခိုးနှင့် နှုတ်ကပတ်အလင်းဖြင့်

စာတန်ချည်နှောင်ခြင်းခံ ကျွန်များအားလုံးလွတ်မြောက်

ဘုန်းတော်၌ ကျေးဇူးတော်ကြွယ်ဝခြင်းမြင်ရမည်။

chorus

ကိုယ်တော့်တွက် လုပ်ဆောင်စို့

ကိုယ်တော်ဖြင့် လုပ်ဆောင်စို့

ကိုယ်တော်နှင့် လုပ်ဆောင်စို့

ကိုယ်တော်၌ များစွာလုပ်ဆောင်စို့။

Hymn details

Key: D Major

Audio