M478E893KC478MT478

ယနေ့စစ်ပွဲပြင်းထန်

ဝိညာဥ်ဆိုင်ရာစစ်ပွဲ - သခင်ဘုရား၏ကြွလာခြင်းအားဖြင့်

21

Verse 1

ယနေ့စစ်ပွဲပြင်းထန်

စာတန်သည် ခွန်အားကြီး

စစ်ပွဲအတွက် ခေါ်သောအသံ

ယခင်ထက် ပိုကျယ်လောင်

ငရဲမှပုန်ကန်သံ

သာ၍တိုးပွားများပြား

သို့သော်ညဉ့်နက်ကြွေးကြော်သံကား

အလျင်အမြန်ငါလာ။

Verse 2

ဒုက္ခများခါးသည်းလာ

တိုက်ခိုက်မှုကြီးမားလာ

ငရဲတန်ခိုးများစုစည်းကာ

ဝန်းရံခြင်းစီမံလာ

သတိဖြင့် စောင့်ကြည့်ရာ

စစ်ပွဲပြင်းထန်လာစဉ်

ဝမ်းမြောက်သီချင်းသံထွက်ပေါ်လာ

သခင်ယေရှုကြွလာ။

Verse 3

ခေတ်ကာလကုန်ဆုံးချိန်

နှုတ်တော်သက်သေခံခဲ

စာတန်သည် တန်ခိုးဖြင့်တိုက်ခိုက်

သက်သေခံချက်တားဆီး

ရန်သူကို အောင်မြင်ရန်

ကြီးမားခွန်အားလိုအပ်

သခင်ကို တွေ့သော် ဝမ်းမြောက်မည်

သက်ပြင်းချခြင်းကွယ်ပျောက်။

Verse 4

အနတ္တတန်ခိုးဖြင့်

မည်သူသည် ရှေ့သို့ချီ

အောင်နိုင်ခြင်းနေ့ရက်ကာလတိုင်

မည်သူသည် ကိုးစားမည်

အောင်နိုင်သူကောင်းကြီးခံ

အောင်မြင်သီချင်းချီးမွမ်း

လူသည် ဝမ်းမြောက်ကြွေးကြော်သံကြား

အလျင်အမြန်ငါလာ။

Verse 5

ဘုရား၏ကျဉ်းမြောင်းလမ်း

မည်သူလျှောက်လှမ်းမည်နည်း

မုန်တိုင်းမည်သို့ ကြမ်းတမ်းပါစေ

လှည့်မပြန်ရှေ့ဆက်သူ

ဆင်းရဲဒုက္ခခံသူ

အဘယ်သူဖြစ်မည်နည်း

အကြင်သူဖြစ်သော်၊ ဝမ်းမြောက်မည်

ယေရှုသည် နီးတော်မူ။

Verse 6

လမ်းခရီးမှောင်မိုက်လည်း

ရှေ့ဆက်ချီတက်ပါမည်

ချီဆောင်ခြင်းရောက်လာသောအခါ

ဘုန်းရောင်ခြည်ထွန်းတောက်မည်

သခင်ကို ဖူးမြင်မည်

စာတန်ကို အောင်မြင်ပြီ

အောင်မြင်သောသူများဝမ်းမြောက်မည်

သခင်ယေရှုကြွလာ။

Hymn details

Key: D Major

Audio