M475E886KC475MT475

ကျွန်ုပ်၏ခံတပ်ကြီးဘုရား

ဝိညာဥ်ရေးစစ်ပွဲ - ခံတပ်ဘုရားအားဖြင့်

21

Verse 1

ကျွန်ုပ်၏ခံတပ်ကြီးဘုရား

တံတိုင်းတော်ပြိုလဲမရှိ

သေမင်းချိုင့်လွှမ်းမိုးလာသော်လည်း

ကိုယ်တော်ကူမပေးမူပြီ

ရှေးရန်သူဟောင်းရှိသေး

ဘေးဒဏ်ဖြင့် လုပ်ဆောင်နေ

ပါးနပ်၍ တန်ခိုးကြီး

မုန်းတီးလက်နက်ကိုဆောင်

မြေကြီးပေါ် ဆိုင်ပြိုင်သူကင်း။

Verse 2

ကျွန်ုပ်ခွန်အားစိတ်ချမရ

ရုန်းကန်ခြင်းဆုံးရှုံးခြင်းသာ

ကျွန်ုပ်တို့ဘက်လူသားရှိပြီ

ဘုရားရွေးချယ်ရာလူသား

မည်သူဖြစ်ပါသနည်း

ခရစ်တော်ယေရှုဖြစ်

ဥပုသ်နေ့အရှင်ဖြစ်

မပြောင်းလဲသောအရှင်

စစ်ပွဲကို အောင်မြင်သောသူ။

Verse 3

ဤလောကမာရ်နတ်များပြည့်နေ

ကျွန်ုပ်တို့ကြောက်ရမည်လော

အလိုတော်ရှိသောကြောင့်မကြောက်

သမ္မာတရားအောင်မြင်ပွား

မှောင်မိုက်မင်းမနှစ်မြို့

ကျွန်ုပ်တို့မကြောက်ပြီ

ထိုအမျက်ကို သည်းခံ

သူ၏ပျက်ကိန်းဟုတ်မှန်

သေးငယ်နှုတ်တော်သူ့ပေါ်ကျ။

Verse 4

မြေကြီးတန်ခိုးပေါ် ထိုနှုတ်တော်

သည်းခံတော်မမူနိုင်ပြီ

ဝိညာဉ်တော်နှင့်ဆုကျေးဇူးများ

ကိုယ်တော်ဖြင့် အတူရှိပြီ

ဥစ္စာဆွေမျိုးသွားစေ

ဤခန္ဓာလည်းသွားစေ

ခန္ဓာကိုသတ်နိုင်လည်း

သမ္မာတရားမြဲတည်

နိုင်ငံတော်သည် ထာဝရ။

Hymn details

Key: C Major

Audio