M473E884KC473MT473

ဘုရင့်သရဖူ ရစိမ့်ငှာ

ဝိညာဥ်ရေးစစ်ပွဲ - သခင်ဘုရား၏ရထား၌

21

Verse 1

ဘုရင့်သရဖူ ရစိမ့်ငှာ

ဘုရားသားတော်စစ်ချီ

အလံတော်သည် အဝေးထင်ရှား

အဘယ်သူလိုက်သနည်း

သခင်ဘုရားခံ ဒုက္ခပင်

ဆက်ဆံ၍ အောင်မြင်သည်

လက်ဝါးကပ်တိုင်တော်ထမ်းသဖြင့်

နောက်တော်လိုက်သူပေတည်း။

Verse 2

သေမည့်ဆဲဆဲ ရွှေကောင်းကင်မှာ

မိမိသခင်ဖြစ်၍

ဆုတောင်းလျက်နှင့် အသက်ကုန်သွား

စင်စစ် သတေဖန်ပင်

ထိုသူကဲ့သို့ ရန်သူတို့ဘို့

ဆုတောင်းနိုင်သောသူသည်

သခင်ယေရှု နောက်လိုက်သူတို့

ဧကန်အဝင်ဖြစ်၏။

Verse 3

မဟာဝိညာဉ်ဆုကျေးဇူးရ

တစ်ကျိပ်နှစ်ပါးတို့လည်း

သေဘေးမကြောက် မျှော်လင့်နေကြ

အဆုံးတိုင်အောင် တည်ကြည်

ခြင်္သေ့မက မိုးထားသောဓား

မကြောက်၊ အောက်လျှိုးခံသည်

သန့်ရှင်းသူအပေါင်း အဝင်အပါ

အဘယ်သူလိုက်သနည်း။

Verse 4

မြင့်မြတ်စစ်တပ်၊ လူကြီးလူငယ်

သခင်နှင့် အစေခံ

ကယ်တင်ရှင်၏ ပလ္လင်တော်၌

အလင်း၌ ဝမ်းမြောက်ကြ

ကောင်းကင်မှ ဘုရားခွန်အားဖြင့်

ဆင်းရဲဒုက္ခ ကျော်တက်

ကျွန်ုပ်တို့၌ ကျေးဇူးမစ

ကျွန်ုပ်တို့ လိုက်လျှောက်မည်။

Hymn details

စာသား: Reginald Heber

သံစဉ်: Henry Stephen Cutler

Meter: 8.6.8.6.D.

Key: Ab Major

Time: 4/4

Audio