ထံတော်နားခို၊ ကိုယ်တော်ဒိုင်းလွှားကွယ်ကာရာ
ဝိညာဥ်ရေးစစ်ပွဲ - ယုံကြည်ခြင်း၌
21
Verse 1
ထံတော်နားခို၊ ကိုယ်တော်ဒိုင်းလွှားကွယ်ကာရာ
တစ်ဦးတည်းဖြင့် ရန်သူကိုမတိုက်ခိုက်
ခွန်အားကိုယ်တော်၊ ထံတော်၌စောင့်ထိန်းလုံခြုံ
ထံတော်နားခို၊ နာမတော်၌ ချီတက်။
Verse 2
နာမတော်၌၊ ကယ်တင်ခြင်း၏ဦးဆောင်ရှင်
ချစ်ဖွယ်နာမ၊ နာမတကာနာမ
ခိုင်ခံ့တိုက်မြစ်၊ ယေရှု၏ဖြောင့်မတ်ခြင်းဖြစ်
ဘုန်းကြီးဘုရင်၊ မေတ္တာတော်ရှင်ဘုရင်။
Verse 3
ယုံကြည်ခြင်း၌၊ ခံစားမှုသည် အားနည်းလှ
နေ့ရက်စဉ်တိုင်း၊ လိုအပ်ရာကျေးဇူးတော်
အောင်မြင်သီချင်း၊ စိတ်နှလုံးမှထွက်ပေါ်လာ
ထံတော်နားခို၊ နာမတော်၌ ချီတက်။
Verse 4
ထံတော်နားခို၊ ကိုယ်တော်ဒိုင်းလွှား၊ ကွယ်ကာရာ
စစ်ပွဲဟူသည် ကိုယ်တော်နှင့်ဆိုင် ချီးမွမ်း
ဘုန်းထယ်ဝါသော နိုင်ငံတော်၌စိုးစံခါ
အောင်မြင်သူများ၊ ကိုယ်တော်နှင့်တူစိုးစံ။
Hymn details
စာသား: Edith Gilling Cherry
သံစဉ်: Jean Sibelius
Meter: 11.10.11.10.
Key: F Major
Time: 4/4
Audio