M461E863KC461MT461

နေ့စဉ်သက်ရှင်ခြင်းနှင့် စည်းဝေးခြင်း၌

စည်းဝေးခြင်းများ - အလယ်ဗဟိုဖြစ်သောခရစ်တော်

21

Verse 1

နေ့စဉ်သက်ရှင်ခြင်းနှင့် စည်းဝေးခြင်း၌

ခရစ်တော်သာ ဗဟိုချက်၊ ရာအားလုံး

ပုံစံ၊ ဝါဒ၊ ကောင်းခြင်း၊ မှန်ခြင်း မဟုတ်

ခရစ်တော်အတွက်သာ စည်းဝေးကြရာ။

Verse 2

ခရစ်တော်သာ လမ်း၊ အသက်၏အလင်း

ကိုယ်တော်၌လျှောက်လှမ်း၊ ကိုယ်တော့်ဦးဆောင်ခံ

ခရစ်တော်သည် အသက်ရေနှင့်အစာ

ကိုယ်တော့်ကို သောက်သုံး၊ ကိုယ်တော်ဖြင့် ကျွေးမွေး။

Verse 3

ကိုယ်တော်သမ္မာတရား၊ သက်သေခံမည်

ခရစ်တော်သည် အသက်၊ အမှုဆောင်မည်

ခရစ်တော်သည် သခင်၊ ကြီးမားထင်ရှား

ခရစ်တော်သည် ဦးခေါင်း၊ ချီးမြောက်ကြမည်။

Verse 4

ဘုရားနှင့်လူဖို့ ကိုယ်တော်ရာအားလုံး

ကိုယ်တော်၌ ဘုရားနှင့်လူသည် ကျေနပ်

အသင်းတော်၏စစ်မှန်ခြင်းခရစ်တော်

ကိုယ်တော်ဖြင့် အသက်၊ ယုံကြည်သူတိုးပွား။

Verse 5

ဓမ္မသီချင်းနှင့် ဆုတောင်းခြင်းပူဇော်

စစ်မှန်ခြင်းခရစ်တော်ကို ထင်ရှားစေ

မိတ်သဟာယ၌ လုံးစုံပြုမူခြင်း

ခရစ်တော်သာ ပြုပြင်လုပ်ဆောင်ထင်ရှား။

Verse 6

နာမ၌တွေ့ဆုံ၊ ဝိညာဉ်တော်၌လုပ်

အသိဉာဏ်၌ ပုံစံချခြင်းမဟုတ်

တန်ခိုးတော်၌ ဆုတောင်း၊ ချီးမွမ်းကျူးဧ

ကိုယ်တော်နှင့်အတူ ဝိညာဉ်၌ လေ့ကျင့်။

Verse 7

အားလုံးမေ့ချန်ထား၊ ကိုယ်တော့်ထံရှင်းလင်း

ကြီးရင့်သည့်တိုင် ကိုယ်တော့်ကိုယူဆောင်ရာ

ကိုယ်တော်ဖို့ ရာအားလုံးကို ရှုံးစေစို့

လုံးစုံ၌ လုံးစုံ၊ ကိုယ်တော်ထာဝရ။

Hymn details

စာသား: Witness Lee

သံစဉ်: Henry James Ernest Holmes

Meter: 10.10.10.10.

Key: C Major

Time: 6/8

Audio