M443E1221KC443MT443

ယေရှုသည် ကယ်တင်ရှင် သိုးထိန်း

အသင်းတော် - ဘုရားသခင်၏သိုးစု

21

Verse 1

ယေရှုသည် ကယ်တင်ရှင် သိုးထိန်း

ကျွန်ုပ်တို့ကို ခေါ်ဆောင်ကာ

စိမ်းလန်းကျက်စားရာသို့ပို့ဆောင်

ကြွယ်ဝပြည့်စုံခြင်းရှိစေ။

chorus

ဘုန်းကြီးသောသင်းတော်

စားသောက်ဖွယ်ရာများပြည့်နေ

တစ်လုံးတစ်ဝရှိသောနေရာ

စဉ်မြဲသက်ရှင်ခွင့်ပေးထား။

Verse 2

ကွဲပြားခြင်းများရှိသောနေရာ

ဆာလောင်မွတ်သိပ် မောပန်းနေ

ကောင်းသောမြေသို့ ကိုယ်တော်ခေါ်ထုတ်

ဝိညာဉ်၌ ကောင်းခြင်း ပြည့်စေ။

chorus

ဘုန်းကြီးသောသင်းတော်

စားသောက်ဖွယ်ရာများပြည့်နေ

တစ်လုံးတစ်ဝရှိသောနေရာ

စဉ်မြဲသက်ရှင်ခွင့်ပေးထား။

Verse 3

ယေရှုသည် စိမ်းလန်းသောစားကျက်

ကိုယ်တော်သည် ကျွန်ုပ်တို့အစာ

ကျွန်ုပ်တို့သည် ကိုယ်တော်သိုးများ

ချိန်တိုင်းစားသောက်ပျော်မွေ့နိုင်။

chorus

ဘုန်းကြီးသောသင်းတော်

စားသောက်ဖွယ်ရာများပြည့်နေ

တစ်လုံးတစ်ဝရှိသောနေရာ

စဉ်မြဲသက်ရှင်ခွင့်ပေးထား။

Verse 4

မြင့်သောတောင်ပေါ် ကျွန်ုပ်တို့ကိန်း

လန်းဆန်းနှင်းပွင့် သက်ရောက်လာ

သစ်သောစမ်းရေပေါက်တို့စီးဆင်း

ဆာငတ်မှုတို့ ပြေပျောက်လာ။

chorus

ဘုန်းကြီးသောသင်းတော်

စားသောက်ဖွယ်ရာများပြည့်နေ

တစ်လုံးတစ်ဝရှိသောနေရာ

စဉ်မြဲသက်ရှင်ခွင့်ပေးထား။

Verse 5

ခရစ်သည် ကျွန်ုပ်ခိုလှုံရာ

ကြောက်ရွံ့ခြင်း လျှင်းမရှိရာ

သိုးများအားလုံး လုံခြုံစွာဖြင့်

မျက်မှောက်တော်တွင် စောင့်ရှောက်ထား။

chorus

ဘုန်းကြီးသောသင်းတော်

စားသောက်ဖွယ်ရာများပြည့်နေ

တစ်လုံးတစ်ဝရှိသောနေရာ

စဉ်မြဲသက်ရှင်ခွင့်ပေးထား။

Hymn details

သံစဉ်: James McGranahan

Meter: 8.7.8.7. with chorus.

Key: Bb Major

Time: 6/8

Audio