တပည့်တော်ချစ်ခြင်းသည်
အသင်းတော် - မိတ်သဟာယဖွဲ့ခြင်း
21
Verse 1
တပည့်တော်ချစ်ခြင်းသည်
ညီအစ်ကိုချင်း၌တည်
ဝိညာဉ်သဘော ညီညွတ်အစဉ်
ထက်ဘုံ၌ကဲ့သို့တည်း။
Verse 2
အဘပလ္လင်တော်ရှေ့
အလိုများလျှောက်နိုင်ပေ
ငြိမ်သက်ခြင်းခွင့် အစဉ်ရှာတွေ့
ဂုဏ်တော်ကို ချီးမွမ်းလေ။
Verse 3
တပည့်တော်တို့သည်ကား
ဝန်ချင်းတို့ကို ဆောင်ရွက်
အချင်းချင်းဖို့ ကြိမ်ဖန်များစွာ
ကြင်နာသောမျက်ရည်ထွက်။
Verse 4
ချစ်မိတ်ဆွေနှင့်ကွာလျှင်
ဝမ်းနည်းချင်းရှိသော်လည်း
နောက်နောင် ပြန်တွေ့မည်ဟုမျှော်လင့်
ထို့ကြောင့် နှစ်သိမ့်နိုင်၏။
Verse 5
နာကျင်၊ ဝမ်းနည်းခြင်းနှင့်
အပြစ်မှ လွတ်ငြိမ်းရ
မေတ္တာနှင့် ပေါင်းစည်းခြင်းအုပ်စိုး
ထာဝရကာလတိုင်။
Hymn details
စာသား: Joseph Swain
သံစဉ်: Hans Georg Nageli, Arranged by Lowell Mason
Meter: 6.6.8.6.
Key: F Major
Time: 3/4
Audio