M425E812KC425MT425

ကိုယ်တော်ထံ ကျွန်ုပ်လာ

နှုတ်ကပတ်တော်ကိုလေ့လာခြင်း - နှုတ်ကပတ်တော်ကျွေးမွေးခြင်း

21

Verse 1

ကိုယ်တော်ထံ ကျွန်ုပ်လာ

ကျွန်ုပ်နှလုံးဆာမွတ်

ကိုယ်တော်ရှေ့မှာ ကျွန်ုပ်စားသောက်

ပျော်ရွှင်စွာဖြင့် နေမည်။

Verse 2

မျက်နှာတော်ကို ဖူးမည်

ကျွန်ုပ်နှလုံးငိုကြွေး

နှစ်ခြိက်စွာ သောက်ခြင်းမှုပြုပါ

ကျွန်ုပ်ဆာငတ်ခြင်းပျောက်။

Verse 3

ဘုန်းတော်ပြည့် မျက်နှာတော်

ကျွန်ုပ်ဖူးတွေ့ဝမ်းမြောက်

ကိုးစား၍ အနီးတွင်နေမည်

ရပ်တည်နေမည်အစဉ်။

Verse 4

ကိုယ်တော်နှင့် မိတ်ဖွဲ့စဉ်

ကျေးဇူးကျွန်ုပ်ခံရ

ကျွန်ုပ်နှလုံး ဝိညာဉ်ရွှင်လန်း

ချမ်းသာခြင်း ကျွန်ုပ်ဝင်။

Verse 5

ကိုယ်တော်နှင့် ကြာရှည်နေ

စဉ်ဆက်မပြတ် ရှာဖွေ

ကျမ်းစာဖတ်၍ ဆုတောင်းလျက်နေ

ကိုယ်တော်ဘုန်း ကျွန်ုပ်ထွန်း။

Hymn details

စာသား: Witness Lee

သံစဉ်: Robert Jackson

Meter: 6.6.8.6.

Key: F Major

Time: 3/4

Audio