M418E797KC418MT418

မှုတော်နိုးထစေပါ

ဆုတောင်းခြင်း - နိုးထမှုရှိရန်

21

Verse 1

မှုတော်နိုးထစေပါ

သန့်ရှင်းသူထံကြွကာ

တန်ခိုးတော်နှင့်စကားပြောပါ

လူတိုင်း ကြားနာစေပါ။

chorus

မှုတော်နိုးထစေပါ

ရှေ့တော်၌ ဒူးထောက်ရာ

သခင်၊ အိုသခင်ကြွမူပါ

ကောင်းချီးပေးပါ အလျင်။

Verse 2

မှုတော်နိုးထစေပါ

လူတိုင်းကို လှုပ်နှိုးပါ

ပင်တေကုတ္တေမီးဖြင့် လူတိုင်း

တောက်လောင်လာစေမူပါ။

chorus

မှုတော်နိုးထစေပါ

ရှေ့တော်၌ ဒူးထောက်ရာ

သခင်၊ အိုသခင်ကြွမူပါ

ကောင်းချီးပေးပါ အလျင်။

Verse 3

မှုတော်နိုးထစေပါ

နာမတော် ချီးမြှောက်ပါ

စိတ်နှလုံး၌ ချစ်ခြင်းဖြည့်ပါ

တောက်လောင်ခြင်းဖြစ်စေပါ။

chorus

မှုတော်နိုးထစေပါ

ရှေ့တော်၌ ဒူးထောက်ရာ

သခင်၊ အိုသခင်ကြွမူပါ

ကောင်းချီးပေးပါ အလျင်။

Verse 4

မှုတော်နိုးထစေပါ

နှုတ်တော်ကို ကောင်းကြီးပေး

သန့်ရှင်းစင်ကြယ်နှုတ်တော်ကြားသော်

ယုံကြည်ခြင်းဖြစ်စေပါ။

chorus

မှုတော်နိုးထစေပါ

ရှေ့တော်၌ ဒူးထောက်ရာ

သခင်၊ အိုသခင်ကြွမူပါ

ကောင်းချီးပေးပါ အလျင်။

Verse 5

မှုတော်နိုးထစေပါ

ရဲရင့်အစေခံစေ

ယခင်နေ့ကဲ့သို့ နောက်တစ်ဖန်

ပြစ်ဖော်ပြ လုပ်ဆောင်ပါ။

chorus

မှုတော်နိုးထစေပါ

ရှေ့တော်၌ ဒူးထောက်ရာ

သခင်၊ အိုသခင်ကြွမူပါ

ကောင်းချီးပေးပါ အလျင်။

Verse 6

မှုတော်နိုးထစေပါ

ပင်တေကုတ္တေမိုးရွာ

ဘုရားဘုန်းကြီးစေ၊ ဘုန်းကြီးစေ

ကျွန်ုပ်တို့ဖို့ ကိုယ်တော်။

chorus

မှုတော်နိုးထစေပါ

ရှေ့တော်၌ ဒူးထောက်ရာ

သခင်၊ အိုသခင်ကြွမူပါ

ကောင်းချီးပေးပါ အလျင်။

Hymn details

စာသား: Albert Midlane

သံစဉ်: William Howard Doane

Meter: 6.6.8.6.D.

Key: F Major

Time: 4/4

Audio