ငါတို့ပြစ်နှင့်ဝမ်းနည်းခြင်းများ
ဆုတောင်းခြင်း - သခင်ဘုရားကို ကြားပြောခြင်း
Verse 1
ငါတို့ပြစ်နှင့်ဝမ်းနည်းခြင်းများ
ခံရန်မိတ်ဆွေ ယေရှုရှိ
ဆုတောင်းခြင်းဖြင့် ထံတော်ချဉ်းကပ်
ခွင့်သည် အံ့ဖွယ်ဖြစ်ပေ၏
ငြိမ်သက်ခြင်းကို ကြိမ်ဖန်စွန့်ပစ်
မခံသင့်ဝန် ထမ်းခဲ့ပြီ
ကိုယ်တော်ထံတွင် ဆုတောင်းခြင်းဖြင့်
မယူဆောင်ခြင်းကြောင့် ဖြစ်သည်။
Verse 2
ငါတို့တွင် စုံစမ်းနှောင့်ယှက်ခြင်း
ဆင်းရဲဒုက္ခရှိသလား
ဘယ်ခါမျှ စိတ်မပျက်စေပါ
ဆုတောင်းလျက် ထံတော်ချဉ်းပါ
ဝမ်းနည်းခြင်းမျိုး ခံမိတ်ဆွေလို
သစ္စာရှိသူ တွေ့မည်လား
ငါတို့အားနည်းခြင်း ယေရှုသိ
ဆုတောင်းလျက် ထံတော်ချဉ်းပါ။
Verse 3
ပင်ပန်းလှစွာ ဝန်ထုပ်လေး၍
အားနည်းလျက် ရှိကြသလား
ကယ်တင်ရှင် မှီခိုရာဖြစ်ပေ
ဆုတောင်းလျက် ထံတော်ချဉ်းပါ
မိတ်ဆွေများ ရွံရှာစွန့်ပစ်လျှင်
ဆုတောင်းလျက် ထံတော်ချဉ်းပါ
လက်တော်ဖြင့် ကွယ်ကာစောင့်မမည်
ထိုမှာ နှစ်သိမ့်ရာကိုရှာ။
Hymn details
စာသား: Joseph Scriven
သံစဉ်: Charles Crozat Converse
Meter: 8.7.8.7.D.
Key: F Major
Time: 4/4
Audio