မည်မျှနက်နဲသောအရှင်
ဆုတောင်းခြင်း - ဝိညာဥ်လေ့ကျင့်ခြင်း
Verse 1
မည်မျှနက်နဲသောအရှင်
ကျွန်ုပ်၌ ဝိညာဉ်တော်ကိန်း
မည်မျှအံ့ဖွယ်သောအရှင်
နှစ်ဦးပေါင်းတစ်ဝိညာဉ်တည်း။
Verse 2
ဝိညာဉ်အားဖြင့် ကျွန်ုပ်လျှောက်
ဝိညာဉ်၌ ဝိညာဉ်ဆိုင်ရာ
ဝိညာဉ်ဖြင့်သာ လုပ်ဆောင်ရာ
ဝိညာဉ်၌ ကိုးကွယ်ကုန်လေ။
Verse 3
နှုတ်တော်နှင့်ဆုတောင်းခြင်းဖြင့်
ဝိညာဉ်တော်ကို ထိတွေ့မည်
ကျွန်ုပ်ဝိညာဉ် အားရှိမည်
ခွန်အားပြည့် သန်စွမ်းမည်ပင်။
Verse 4
ဝိညာဉ်သန်ရန် ဆုတောင်းပါ
ခြားဝိညာဉ် နိုးထစေမည်
ကျွန်ုပ်ဝိညာဉ် တိုးတက်မည်
ခြားဝိညာဉ်လည်း သန်စွမ်းစေ။
Verse 5
ချိန်တိုင်း ယေရှုနာမခေါ်
ကျွန်ုပ်ဝိညာဉ်အားပြည့်မည်
မည်သည့်အရာ လုပ်ဆောင်စေ
ဝိညာဉ်တိုးတက်ဖို့ဖြစ်စေ။
Verse 6
ချိန်တိုင်း ဝိညာဉ်လှုပ်ရှားစေ
ခြားဝိညာဉ်ကို ဖွင့်ပေးလေ
ချိန်တိုင်း ဝိညာဉ်လုပ်ဆောင်စဉ်
ခြားသူကိုလည်းထောက်ပင့်လေ။
Verse 7
ကိုယ်တော်ထံမှကရုဏာ
ကျွန်ုပ်ဝိညာဉ်တွင်းသွင်းလေ
သို့ဖြစ်လျှင် ဝိညာဉ်ချမ်းသာ
ခွန်အားပြည့် ရွှင်လန်းမည်ပင်။
Hymn details
စာသား: Witness Lee
သံစဉ်: Benjamin Milgrove
Meter: 7.7.7.7.
Key: F Major
Time: 4/4
Audio