M411E769KC411MT411

သန့်ရှင်းဆုံးဌာနထဲလာ

ဆုတောင်းခြင်း - အသန့်ရှင်းဆုံး၌

21

Verse 1

သန့်ရှင်းဆုံးဌာနထဲလာ

ကန့်လန့်ကာအတွင်းထဲဝယ်

ကျေးဇူးတော်ပလ္လင်ထိတွေ့

ကျွန်ုပ်ဖြင့် သက်ရေစီးစေ။

Verse 2

ယခုသန့်ရှင်းဆုံးဌာန

ကျွန်ုပ်၏ဝိညာဉ်ဖြစ်ပေ

ကျွန်ုပ်၌ကိုယ်တော်တည်နေ

ဝိညာဉ်တော်၊ ဝိညာဉ် ပေါင်းစည်း။

Verse 3

ကျွန်ုပ်ဝိညာဉ်ထံပြန်လာ

သခင်ဘုရားနှင့်တွေ့ဆုံ

အိုမည်မျှအံ့ဖွယ်ကောင်းလှ

ကျွန်ုပ်၌ ကိုယ်တော်ပြည့်စုံ။

Verse 4

တက်ကြွခြင်းနံ့သာမွှေးကြိုင်

ကျွန်ုပ်ဝိညာဉ်ဖြင့်ပျံ့နှံ့

ဝိညာဉ်၌ ကျွန်ုပ်ဆုတောင်း

ခရစ်တော်ထင်ရှားနိုင်မည်။

Verse 5

ဝိညာဉ်၌ ကိုယ်တော်ထိတွေ့

ကြွယ်ဝခြင်းများဖြည့်ခံရ

အသက်၊ အလင်း၊ မေတ္တာနှင့်

ကျေးဇူးတော်မြစ်ရေစီးဆင်း။

Verse 6

နက်နဲ၊ ကြွယ်ဝထိတွေ့ရ

ကိုယ်တော်ကို တွေ့ကြုံခံစား

အသက်တရားကို ထိတွေ့

ရှင်းလင်းဘိသိက်ပေးခံစား။

Verse 7

နက်နဲကျွန်ုပ်ဝိညာဉ်၌

ချစ်သခင်ကို ထိတွေ့မည်

ကိုယ်တော်ကို နက်နဲထိတွေ့

ဝှက်ထားမန္နမုန့်သက်သေ။

Verse 8

ရှင်ပြန်ထမြောက်ခြင်းအသက်

တန်ခိုး၌ စစ်မှန်လာရာ

အပွင့်ပွင့်တောင်ဝှေးနည်းတူ

ကျွန်ုပ်ကို လက်ခံမူပြီ။

Verse 9

ကျေးဇူးတော်ပလ္လင်မြင်ရ

အသက်ရေစီးဆင်းနေရာ

ကျေးဇူးတော်ပြည့်မြစ်ရေစီး

ကျွန်ုပ်အထဲစီးဆင်းနေ။

Verse 10

ဆုတောင်းရန် စည်းဝေးစဉ်တိုင်း

ကျွန်ုပ်တို့ဝိညာဉ်လွတ်မြောက်

ဝိညာဉ်များရောနှောပေါင်းစည်း

ယဇ်ပုရောဟိတ်များစေခံ။

Verse 11

ဤရာသန့်ရှင်းဆုံးဌာန

သခင်ကို ထိတွေ့နေရာ

ပလ္လင်တော်ကို ထိတွေ့နိုင်

ကျေးဇူးတော်သွန်းလောင်းသည့်တိုင်။

Hymn details

စာသား: Witness Lee

သံစဉ်: L. W. Lloyd

Meter: 7.7.7.7.

Key: G Major

Time: 2/4

Audio