ညနေချမ်းနေဝင်ချိန်အခါ
အနာရောဂါငြိမ်းခြင်း - နဂိုအတိုင်းရှိနေသော ခရစ်တော်
Verse 1
ညနေချမ်းနေဝင်ချိန်အခါ
ကိုယ်တော်ပတ်လည် လူနာအများ
ဝိုင်းဝန်းတိုးဝှေ့ ဆည်းကပ်ကြရာ
ရောဂါကင်းလျက် သွားကြရပါ။
Verse 2
ကျွန်ုပ်တို့သည် ထိုသို့ပမာ
ရောဂါအမျိုးမျိုးနှင့် ချဉ်းလာ
ကိုယ်တော်ကို မျက်မှောက်မပြုသာ
သို့သော် ကိုယ်တော်ရှိကြောင်းသိရ။
Verse 3
ကိုယ်တော်မေတ္တာတွေ့ကြသောခါ
မေ့လျော့ကြပြီ အနာရောဂါ
အို-ကယ်တင်ရှင် ကျွန်ုပ်တို့မှ
ဆင်းရဲဒုက္ခ ကယ်ရှင်းမူပါ။
Verse 4
လောကသည် ချည်းနှီးဖြစ်ကြောင်းမြင်
သို့သော် လောကမှ မလွတ်နိုင်
နာကျင်စေသော မိတ်ဆွေလည်းရှိ
သို့သော် ကိုယ်တော်၌ မိတ်ဖွဲ့လို။
Verse 5
မည်သူမျှ နားခိုခြင်းမရ
အပြစ်မှ လွတ်နိုင်သူမရှိ
အတွင်းမှ မှားယွင်းမှု ခံစား
ကိုယ်တော်ထံ ဝမ်းမြောက်မှုကိုရှာ။
Verse 6
အို ကယ်တင်ရှင် လူသားတော်ဖြစ်
စုံစမ်း၊ နှောင့်ယှက်၊ ဆင်းရဲခြင်းခံ
အနာများကို ငြိမ်းစေခြင်းငှာ
ကိုယ်တော်သာ တတ်နိုင်တော်မူလေ။
Verse 7
ကိုယ်တော် လက်တော်နှင့် တို့မူပါ
ကိုယ်တော်အသံတော် လွန်သာယာ
ဤညနေချမ်းနေဝင်ချိန်ခါ
ကယ်မချမ်းသာပေးတော်မူပါ။
Hymn details
စာသား: Henry Twells
သံစဉ်: Lowell Mason
Meter: 8.8.8.8.
Key: G Major
Time: 3/4
Audio