M395E701KC395MT395

ကယ်တင်ရှင် ငါ့ကိုလမ်းပြသည်

ဒုက္ခဆင်းရဲ၌နှစ်သိမ့်မှုပေးခြင်း - သခင်ဘုရား၏ဦးဆောင်ခြင်းအားဖြင့်

21

Verse 1

ကယ်တင်ရှင် ငါ့ကိုလမ်းပြသည်

ဘယ်တောင့်တရန်ရှိသနည်း

ငါ့ကိုလမ်းပြတော်မူရှင်အား

ယုံမှားခြင်းရှိရမည်လား

ဤဘဝ အသက်ရှင်သည်တွင်

စုံစမ်းခြင်းမျိုးမျိုးတို့ပင်

ဖိစီးနှိပ်စက်လာသောအခါ

ကိုယ်တော်စီရင်တိုင်းဖြစ်ပါ။

Verse 2

ကယ်တင်ရှင် ငါ့ကိုလမ်းပြစဉ်

ထောက်မအားပေးလျက်နှင့်ပင်

စုံစမ်းခြင်းကို ခံနိုင်ဖို့ရာ

ကျွေးတော်မူ အသက်မုန့်မှာ

ခွန်အားပြည့်လျက် မောပန်းခြင်းကင်း

သောက်လျက်နေ သက်စမ်းရေတွင်း

ပလ္လင်တော်ရှေ့မှ ထွက်စီးလေ

ဝမ်းမြောက်ခြင်းစမ်းရေမြင်ပေ။

Verse 3

ကယ်တင်ရှင် ငါ့ကိုလမ်းပြသည်

ကျေးဇူးတော် အို ပြည့်ဝနေ

နားခိုခြင်း ကတိတော်ပေးပြီ

ခမည်းတော် ရင်ခွင်တော်၌

ငါ့ဝိညာဉ် အတောင်ကိုဖြန့်လျက်

အဆုံးမဲ့ ထာဝရသို့

ထိုအခါ စဉ်သီချင်းဆိုမည်

ယေရှု ငါ့ကို လမ်းပြပြီ။

Hymn details

စာသား: Fanny Jane Crosby

သံစဉ်: Robert Lowry

Meter: 8.7.8.7.D.

Key: G Major

Time: 6/4

Audio