M393E695KC393MT393

စိတ်ငယ်ဝမ်းနည်း ဒုက္ခကြီးထဲမှာ

ဒုက္ခဆင်းရဲ၌နှစ်သိမ့်မှုပေးခြင်း - သခင်ဘုရား၏ဂရုစိုက်ခြင်းအားဖြင့်

21

Verse 1

စိတ်ငယ်ဝမ်းနည်း ဒုက္ခကြီးထဲမှာ

သီချင်းမဆိုနိုင်သောခါ

သွားရာလမ်းဝေးကွာ ဝန်ထုပ်လေးသောခါ

ယေရှုရှင် ကြင်နာပါသလား။

chorus

ယေရှုရှင်သည် အမှုထား၏

ဝမ်းနည်းသောခါ ကြင်နာသည်

နေ့တာရှည်ကြာ၍ ညချိန်မှာ ငြီးငွေ့ရာ

ယေရှုရှင်သည် ကြင်နာ။

Verse 2

သက်တာလမ်းသည် မှောင်မိုက်ခြင်းအတိ

ကြောက်မက်ဖွယ်ဘေးများနှင့်ပြည့်

ညဉ့်မှောင်ကျသောခါ ကျွန်ုပ်၏အနား

ယေရှုရှင်သည် ရှိပါသလား။

chorus

ယေရှုရှင်သည် အမှုထား၏

ဝမ်းနည်းသောခါ ကြင်နာသည်

နေ့တာရှည်ကြာ၍ ညချိန်မှာ ငြီးငွေ့ရာ

ယေရှုရှင်သည် ကြင်နာ။

Verse 3

ကြိုးစားသော်လည်း စုံစမ်းခြင်းကိုပင်

မခံနိုင်ပါသွားမိလျှင်

ဝမ်းနည်းခြင်းကြီးလှ၊ သက်သာရာမရ

ယေရှုရှင် ကြင်နာပါသလား။

chorus

ယေရှုရှင်သည် အမှုထား၏

ဝမ်းနည်းသောခါ ကြင်နာသည်

နေ့တာရှည်ကြာ၍ ညချိန်မှာ ငြီးငွေ့ရာ

ယေရှုရှင်သည် ကြင်နာ။

Verse 4

ချစ်သူများနှင့် ခွဲခွာရသောခါ

ယူကျုံးမရ ဝမ်းနည်းလှ

ဝမ်းနည်းခြင်းလွန်ပြင်း နှလုံးကွဲရလျှင်

ယေရှုရှင် ကြင်နာပါသလား။

chorus

ယေရှုရှင်သည် အမှုထား၏

ဝမ်းနည်းသောခါ ကြင်နာသည်

နေ့တာရှည်ကြာ၍ ညချိန်မှာ ငြီးငွေ့ရာ

ယေရှုရှင်သည် ကြင်နာ။

Hymn details

စာသား: Frank E. Graeff

သံစဉ်: Joseph Lincoln Hall

Meter: Peculiar Meter

Key: C Major

Time: 6/8

Audio