ဘုရားမြတ်သခင်အား ဘုန်းကြီးစေသတည်း
ခမည်းတော်ကို ကိုးကွယ်ခြင်း - ရွေးနုတ်ခြင်း
Verse 1
ဘုရားမြတ်သခင်အား ဘုန်းကြီးစေသတည်း
လောကကိုချစ်သောကြောင့် သားတော်ကိုစွန့်ပြီ
ပြစ်ဖြေလွှတ်ဆေးကြောရန် သက်တော်မြတ်စွန့်ရာ
လူတိုင်းတို့ဝင်စေရန် သက်တံခါးဖွင့်ထား။
chorus
ချီးမွမ်းလော့၊ ချီးမွမ်းလော့
လောကသံတော်ကြားစေ
ချီးမွမ်းလော့၊ ချီးမွမ်းလော့
လူတို့ဝမ်းမြောက်ကြစေ
သားတော်ဖြင့် အဘထံတော်မြတ်ဝင်ကြပါ
ပြုထားမဟာမှုကြောင့် ဘုန်းတော်ထင်ရှားစေ။
Verse 2
သွေးတော်ဖြင့်ဝယ်သော ကယ်တင်ခြင်းပြည့်စုံလှ
ယုံကြည်သူတိုင်းဖို့ ကတိတော်လာသည်ကား
ဆိုးယုတ်ဆုံးပြစ်မှားသူ အမှန်ယုံကြည်လျှင်
ထိုခဏချင်းတွင် ပြစ်လွှတ်ခြင်းကိုသိမြင်။
chorus
ချီးမွမ်းလော့၊ ချီးမွမ်းလော့
လောကသံတော်ကြားစေ
ချီးမွမ်းလော့၊ ချီးမွမ်းလော့
လူတို့ဝမ်းမြောက်ကြစေ
သားတော်ဖြင့် အဘထံတော်မြတ်ဝင်ကြပါ
ပြုထားမဟာမှုကြောင့် ဘုန်းတော်ထင်ရှားစေ။
Verse 3
ကြီးသောမှုသင်ပေးပြီ၊ ကြီးသောမှုပြုပြီ
သားတော်မြတ်ကြောင့် ငါတို့ဝမ်းမြောက်ခြင်းကြီး၏
သို့သော် ယေရှုရှင်ကို ဖူးတွေ့ရသောခါ
အံ့သြဝမ်းမြောက်ခြင်း သာ၍ကြီးမည်မှန်ပါ။
chorus
ချီးမွမ်းလော့၊ ချီးမွမ်းလော့
လောကသံတော်ကြားစေ
ချီးမွမ်းလော့၊ ချီးမွမ်းလော့
လူတို့ဝမ်းမြောက်ကြစေ
သားတော်ဖြင့် အဘထံတော်မြတ်ဝင်ကြပါ
ပြုထားမဟာမှုကြောင့် ဘုန်းတော်ထင်ရှားစေ။
Hymn details
စာသား: Fanny Jane Crosby
သံစဉ်: William Howard Doane
Meter: 11.11.11.11. with chorus
Key: G Major
Time: 3/4
Audio