ကိုယ်တော်နှင့်နီးစေပါ
ဘုရားသခင်ကို တွေ့ကြုံခံစားခြင်း - ကိုယ်တော်နှင့်မိတ်သဟာယဖွဲ့ခြင်း
Verse 1
ကိုယ်တော်နှင့်နီးစေပါ
ကျွန်ုပ်ဘုရား
ကားတိုင်ဖြင့် မြှောက်သော်လည်း
ဤပတ္ထနာ
အစဉ်လျှောက်ထားလိုပါ
ကိုယ်တော်နှင့်နီးစေပါ
ကိုယ်တော်နှင့်နီးစေပါ
ကျွန်ုပ်ဘုရား။
Verse 2
ထွက်ပြေးယာကုပ်ကဲ့သို့
နေဝင်ပြီးမှ
ကျောက်ခဲသာ ခေါင်းအုံးဖို့
ရနိုင်သော်ကား
ညဉ့်နက်တွင် အိမ်မက်မှာ
ကိုယ်တော်နှင့် နီးစေပါ
ကိုယ်တော်နှင့်နီးစေပါ
ကျွန်ုပ်ဘုရား။
Verse 3
စီရင်တော်မူသမျှ
ကျွန်ုပ်လျှောက်ရာ
ကောင်းကင်လှမ်းတက်လှေကား
ဖြစ်စေမူပါ
ကောင်းကင်သားနှင့်တကွ
ကိုယ်တော်နှင့် နီးစေပါ
ကိုယ်တော်နှင့်နီးစေပါ
ကျွန်ုပ်ဘုရား။
Verse 4
သို့လျှင် နိုးသောအခါ၊
ချီးမွမ်းစိတ်ရှိ
ဒုက္ခကျောက်ခဲများဖြင့်
ဗေသလတည်
ဆင်းရဲအားဖြင့်လျှင်သာ
ကိုယ်တော်နှင့် နီးစေပါ
ကိုယ်တော်နှင့်နီးစေပါ
ကျွန်ုပ်ဘုရား။
Verse 5
သို့တည်းမဟုတ် ဝမ်းသာ
ရွှင်မြူးသဖြင့်
နေ၊ လေ၊ ကြယ်များလွန်လျက်
ပျံတက်ရလျှင်
အစဉ်ပင်လျှောက်လိုပါ
ကိုယ်တော်နှင့် နီးစေပါ
ကိုယ်တော်နှင့် နီးစေပါ
ကျွန်ုပ်ဘုရား။
Hymn details
စာသား: Sarah F. Adams
သံစဉ်: Lowell Mason
Meter: 6.4.6.4.6.6.6.4.
Key: F Major
Time: 4/4
Audio