ယေရှု၏လှပခြင်းဖြင့် ဖမ်းဆီးခံ
ခရစ်တော်ကို တွေ့ကြုံခံစားခြင်း - ကိုယ်တော်ကို ချစ်ခြင်း
Verse 1
ယေရှု၏လှပခြင်းဖြင့် ဖမ်းဆီးခံ
ကိုယ်တော့်ထံ စိတ်နှလုံးတံခါးဖွင့်
ဘာသာတရားအားလုံးမှ လွတ်မြောက်ပြီ
ကိုယ်တော့်ကိုသာ ကျွန်ုပ်၌တည်စေ
ကိုယ်တော်၏ဘုန်းတော်ကို ကျွန်ုပ်ငေးမိ
ဘုန်းရောင်ခြည် စိတ်နှလုံး၌ဖြည့်ပါ
ကျွန်ုပ်၌ ကိုယ်တော်ပျော်ဝင်ပြည့်ဝပါ
ဝိညာဉ်တော် ယခုပေါင်းစည်းမူပါ။
Verse 2
ထွန်းလင်းရှင်- ကျွန်ုပ်ပေါ် ကောင်းကင်ကြည်လင်
ပလ္လင်ပေါ် လူသားကို ကျွန်ုပ်မြင်
သန့်ရှင်းမြင့်မြတ်ရှင်ကို စဉ်ထွန်းလင်းရန်
ကျွန်ုပ်ကို မီးဖြင့် ကိုယ်တော်စစ်ဆေး
ဘုန်းတော်၌ သခင်ကို ကျွန်ုပ်မြင်စဉ်
မိမိဘုန်း၊ အတ္တချစ်ခြင်း-ရှက်မိ
ယခု စိတ်နှလုံးဖြင့် ချစ်၍ချီးမွမ်း
နာမတော်ချိုမြိန်ခြင်းကို မြည်းစမ်း။
Verse 3
ကျွန်ုပ်၏ မွှေးပျံ့နံ့သာဆီမွှေးဗူး
ဖိုးထိုက်ရှင်ကို ချစ်သောကြောင့် ခွဲဖျက်
ချစ်သခင်၏ဦးခေါင်းတော်ပေါ်သွန်းလောင်း
သခင်တွက် အကောင်းဆုံးကျွန်ုပ်ပြု
သခင့်ကို ကျွန်ုပ်အသက်တာပေးအပ်
ကိုယ်တော့်ကိုချစ်ရာ နက်နဲကျေနပ်
ကိုယ်တော့်ပေါ် ကျွန်ုပ်၏မေတ္တာသွန်းလောင်း
ဖိုးထိုက်ဆီမွှေးဖြင့် ကိုယ်တော့်ပေါ်သွန်း။
Verse 4
ချစ်သခင်၊ မွှေးနံ့သာတောင်ပေါ်ကြွပါ
မျက်နှာတော်ကိုဖူးမြင်ရန် တောင့်တ
စိတ်နှလုံးစမ်းရေစီးဆင်း- သောက်မူပါ
ကိုယ်တော်နှင့် ပွေ့ဖက်သည့်တိုင် နားခို
သခင်ကို သန့်ရှင်းသူများနှင့် လေးမြတ်
ကိုယ်တော်ချစ်တော်မူ သတို့သမီး
ကြွမူပါ ကိုယ်တော့်ကို မေတ္တာဖြင့်မျှော်
အိုသခင်၊ ကိုယ်တော်ကျေနပ်မည်မှန်။
Hymn details
စာသား: R. K.
သံစဉ်: Oscar Ahnfeldt
Meter: 10.9.10.9.D.
Key: Eb Major
Time: 4/4
Audio