ယေရှုထံ ကျွန်ုပ်တို့စိတ်နှလုံး နေ့စဉ်ပိုနီးလာ
ခရစ်တော်ကို တွေ့ကြုံခံစားခြင်း - ကိုယ်တော်ကို ဝမ်းမြောက်ခြင်း
Verse 1
ယေရှုထံ ကျွန်ုပ်တို့စိတ်နှလုံး နေ့စဉ်ပိုနီးလာ
လူသားများနှင့်နံနက်ခင်းထက် ကိုယ်တော်လှပလန်းဆန်း
ကိုယ်တော်၏လှပခြင်းကို ကျွန်ုပ်တို့မြွက်ဆိုမမှီ
ကိုယ်တော်ကို တစ်နေ့ထက်တစ်နေ့ ပို၍ချစ်တတ်လာပြီ။
chorus
မည်မျှဖိုးထိုက်ဘဏ္ဍာတိုက် ထက်ဝက်မှန်းဆမရ
ကိုယ်တော်ကို ယခင်ထက်နေ့စဉ်တိုင်း ပို၍ချစ်လာပြီ။
Verse 2
အသင်းတော်၌ ကိုယ်တော်ကို မြင်စဉ်၊ ဘုန်းတော်ထွန်းလင်းခံ
ကိုယ်တော့်ကြယ်ဝခြင်းများကိုမြင်၊ ခြားရာရှာဖွေခြင်းစွန့်
ကိုယ်တော်နှစ်သက်သောအရာ၊ ကျွန်ုပ်ဝိညာဉ်တောင့်တခြင်း
ကိုယ်တော်ကို တစ်နေ့ထက်တစ်နေ့ ပို၍ချစ်တတ်လာပြီ။
chorus
မည်မျှဖိုးထိုက်ဘဏ္ဍာတိုက် ထက်ဝက်မှန်းဆမရ
ကိုယ်တော်ကို ယခင်ထက်နေ့စဉ်တိုင်း ပို၍ချစ်လာပြီ။
Verse 3
ကျွန်ုပ်တို့ဝိညာဉ်၌ ကိုယ်တော်ဝိညာဉ်တော်အဖြစ်ကျိန်း
ချိုမြိန်ဘိသိက်ပေးခြင်းကြောင့်၊ ကျွန်ုပ်တွင်းအသက်ပျံ့နှံ့
သန့်ရှင်းသူများနှင့်စည်းဝေး၊ ကျွန်ုပ်တို့ဝိညာဉ်လွတ်မြောက်
ကိုယ်တော်ကို ယခင်ချစ်ရာထက် ယခုပိုချစ်လာပြီ။
chorus
မည်မျှဖိုးထိုက်ဘဏ္ဍာတိုက် ထက်ဝက်မှန်းဆမရ
ကိုယ်တော်ကို ယခင်ထက်နေ့စဉ်တိုင်း ပို၍ချစ်လာပြီ။
Verse 4
ကိုယ်တော်ပြန်လည်ရယူခြင်းတွက် တစ်လုံးတစ်ဝဖြစ်ပြီ
ခရစ်တော်၏ကြွယ်ဝခြင်းအသင်းတော်ကို လူများမြင်
ကျွန်ုပ်တို့ဖြစ်ခြင်း၊ ရှိသမျှ နေ့စဉ်ကိုယ်တော်ပေါ်သွန်း
ကိုယ်တော်၏အံ့ဘွယ်အကြံစည်တော် နေ့စဉ်ချိုမြိန်လာ။
chorus
မည်မျှဖိုးထိုက်ဘဏ္ဍာတိုက် ထက်ဝက်မှန်းဆမရ
ကိုယ်တော်ကို ယခင်ထက်နေ့စဉ်တိုင်း ပို၍ချစ်လာပြီ။
Hymn details
စာသား: Adapted from William C. Martin
သံစဉ်: Charles Austin Miles
Meter: 14.14.14.14. with chorus.
Key: Bb Major
Time: 4/4
Audio