M333E567KC333MT333

ဘုရား၏သိုးငယ်စောင့်ထိန်း

ခရစ်တော်ကို တွေ့ကြုံခံစားခြင်း - ကိုယ်တော်၌တည်နေခြင်း

21

Verse 1

ဘုရား၏သိုးငယ်စောင့်ထိန်း

နံဘေးတော်နားနီးစေ

ထိုနေရာသာ လုံခြုံရာ

ငြိမ်သက်ခြင်း၌ တည်နိုင်။

Verse 2

ရန်သူထောင်ချောက်များဝန်းရံ

တွင်း၌ တပ်မက်၊ စိုးရိမ်

ကျေးဇူးတော်သည် ရှာဖွေတွေ့

ကျွန်ုပ်ကို သန့်ရှင်းစေ။

Verse 3

ကိုယ်တော်၌ ကျွန်ုပ်ပုန်းခို

ကျွန်ုပ်သည် လုံခြုံပြီ

ကိုယ်တော်၌ ကျွန်ုပ်တည်နေ

နှောင့်ယှက်ခြင်းသည်းခံနိုင်။

Verse 4

လက်မောင်းတော်အောင်မြင်ခြင်းဆောင်

ရန်သူကို ချေမှုန်းပြီ

ဆင်းရဲဒုက္ခကြုံသမျှ

မေတ္တာတော်ထောက်မပေး။

Verse 5

မကြာမီမျက်နှာတော်မြင်

ချီဆောင်မျက်နှာချင်းဆိုင်

တန်ခိုးတော်နှင့်ကျေးဇူးတော်

ထက်ဝက်မမြင်ရသေး။

Verse 6

ကိုယ်တော့်လှပခြင်းဘုန်းတော်

မေတ္တာတော်အံ့သြဖွယ်

သန့်ရှင်းသူများအားလုံး၏

အဆုံးမဲ့သောဝတ္ထု။

Hymn details

စာသား: James George Deck

သံစဉ်: From Little Flock Hymns with Optional Tunes

Meter: 7.6.7.6.

Key: F Major

Time: 4/4

Audio