ခရစ်တော်သည် ကျွန်ုပ်တွက် အတွင်း၊ အပြင်
ခရစ်တော်ကို တွေ့ကြုံခံစားခြင်း - အတွင်းကျကျ တည်နေသောအရှင်
Verse 1
ခရစ်တော်သည် ကျွန်ုပ်တွက် အတွင်း၊ အပြင်
အပြင်ပိုင်းအဖြစ် ကောင်းကင်၌ လျှောက်လဲပေး
အတွင်းပိုင်းအဖြစ် အင်္ဂါများ၌ သက်ရှင်
အတွင်း၌ ကိုယ်တော်ဖြစ်ခြင်းအားလုံးပေးပြီ။
Verse 2
ကောင်းကင်ပေါ် ဘုရား၏လက်ယာတော်၌ထိုင်
ပုရောဟိတ်မင်းအဖြစ် သွေးတော်ကို ဆက်သ
ရှေ့နေကဲ့သို့ လျှောက်လဲ ကျွုန်ုပ်၏ဝန်ဆောင်
မေတ္တာတော်၌ ကျွန်ုပ်တို့ကို ဂရုစိုက်။
Verse 3
ယခုဝိညာဉ်တော်အဖြစ် ဝိညာဉ်၌ ကျိန်း
ကျွန်ုပ်၏အသက်နှင့်ရာအားလုံးဆောင်သွင်း
ကိုယ်တော်သည် ခွန်အားနှင့် ချိန်တိုင်းကျေးဇူးတော်
တန်ခိုးတော်ဖြင့် ဦးဆောင်ကာ ကျွေးမွေးထောက်မ။
Verse 4
ကျွန်ုပ်တို့တွက် ကောင်းကင်၌ လူသားဘုန်းထင်
ရှေ့ပြေးသည် ဘုရား၏ကြံစည်ပြည့်စုံစေ
လူကို ဘုရားအထဲသို့ ပို့ဆောင်ပေးပြီ
ကောင်းကင်၌ ဘုရားနှင့်တစ်လုံးတစ်ဝရှိ။
Verse 5
ဘုရား၏ပြည့်ဝခြင်း ကျွန်ုပ်တွင်း၌ကျိန်း
ဝိညာဉ်တော်သည် ဘုရားရှင်ကို ခေါ်ဆောင်သွင်း
ကျွန်ုပ်၌ ဘုရားကို ဖွင့်ပြ၊ စစ်မှန်စေ
ဘုရားနှင့်တစ်လုံးတစ်ဝတည်ဆောက်ဘုန်းထင်။
Verse 6
ယခုကယ်တင်ရှင်တက်ကြွ ကောင်းကင်၌ကျိန်း
နှုတ်တော်တိုင်း မကြာမီ ပြန်ကြွလာမည်
ယခုကျွန်ုပ်တို့၌ ကိုယ်တော်သက်ရှင်နေ
မကြာမီကိုယ်တော်ကဲ့သို့ ဘုန်းဝင်စားမည်။
Verse 7
ကောင်းကင်သစ်နှင့်မြေကြီးသစ် တည်လုနီးပြီ
ဖိုးထိုက်မြို့တော်၌ တစ်လုံးတစ်ဝပေါင်းစည်း
ထိုနေ့၌ အတွင်းပိုင်း၊ အပြင်ပိုင်းအားလုံး
ဘုန်းတော်၌ ထာဝရကာလတိုင်ပေါင်းစည်း။
Hymn details
စာသား: Witness Lee
သံစဉ်: I. E. Rummery
Meter: 11.11.11.11.
Key: G Major
Time: 3/4
Audio